Part-20

1K 69 0
                                    

>Unicode<

အတော်အသင့်ကျယ်၀န်းသော ခြံ၀န်းတစ်ခုအတွင်းရှိ ကားဂိုထောင်အတွင်းသို့ ကားတစ်စီး အရှိန်ပြင်းပြင်းဖြင့်၀င်ရောက်သွားပြီး ဘရိတ်နင်းလိုက်သံက ခြံ၀န်းအပြင်ဘက်ရှိ လူများပင် ကြားနိုင်လောက်သည်အထိ ကျယ်လောင်သည်။

ကားဂိုထောင်ထဲတွင် ကားသုံးစီးရှိပြီး ၀မ်စစ်ရန်၏ လူတစ်ချို့သာရှိနေသည်။

ဂိုထောင်၏ မြေအောက်ခန်းရှိ မှောင်မှဲနေသော အခန်းတစ်ခုဟာ တစ်စုံတစ်ယောက်၀င်လာတာမို့ အပြင်ဘက်ဆီမှ အလင်းရောင်ရပြီး တစ်ခန်းလုံး လင်းထိန်သွားသည်မှာ အခန်းထဲရှိ အရာများအား မြင်ရလောက်သည်အထိ။

အခန်းထဲသို့ လူသုံးဦးရောက်ရှိသွားချိန်နောက်တွင်  အခန်းဟာ ပြန်လည်မဲမှောင်သွားပြီးစကာလ
မီးခလုတ်အား ဖွင့်လိုက်သည်မို့ တစ်ခန်းလုံးဟာ ခုနကထက်ပို၍ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။

ထိုင်ခုံသုံးခုံတွင် လက်နောက်ပစ်ကာ ကြိုးချည်ခံထားရပြီး သွေးသံတရဲရဲဖြစ်နေကာ မေ့မျောနေသည့် လူသုံးဦး။

"ကားတိုက်ပြေးတယ်ဆိုတာ ဒီသုံးယောက်လား?!"

"လေးယောက်ပါ သခင်ကြီး
ကျွန်တော်တို့ လိုက်ဖမ်းတော့ သူတို့ဆီမှာရှိတဲ့ တရားမ၀င်လက်နက်တွေနဲ့ ပြန်တိုက်ခိုက်တာ​မို့ သတိလစ်အောင်ရိုက်ပြီးမှ ဖမ်းလာရတာ​ပါ
တစ်ယောက်က လွတ်သွားပါတယ်
စုံစမ်းကြည့်ရသလောက်တော့ ရှင်းကျင့်ဟွမ်က ငွေပေးပြီး သခင်ငယ်လေးစီးလာတဲ့ ကားကို မတော်တဆပုံစံမျိုးနဲ့၀င်တိုက်ခိုင်းတာ
ဒီမတိုင်ခင်ကလည်း သခင်လေးကို မျက်ခြေမပျက်စောင့်ကြည့်နေပုံရတယ်"

အိမ်တော်ထိန်းရှန်က တိတ်ဆိတ်နေသည့်သခင်ကြီးအား မသိမသာ ခိုးကြည့်လိုက်သည်။
သခင်ကြိးရဲ့ မျက်၀န်းတွေ စူးရဲနေကာ နှာထင်သွေးကြောများပင်ထောင်နေသလိုလိုပင်။

အိမ်တော်ထိန်းရှန်တစ်ယောက် သခင်ကြီးအနားတွင် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုဖူးပေမဲ့ ဒီလေါက်ထိ ဒေါသထွက်နေတာမျိုး တစ်ခါမျှ မမြင်ဖူးပေ။

✨THE ONLY ONE FROM THE HEART🌷(Completed)Donde viven las historias. Descúbrelo ahora