Part-2

2.1K 134 4
                                    

>Unicode pro<

ရဲစခန်းအတွင်းသို့ အသက်၃၀ကျော်ကျော် ယောကျ်ားတစ်ဦးနှင့်မိန်းမတစ်ဦး အရှိန်အ၀ါအပြည့် ဖြင့် ၀င်လာခဲ့သည်။

"သား ရိပေါ်!"

၀မ်ကျန်းရှင်းနှင့် ဟွားလီအန်း
အခန်းဘေး ထိုင်ခုံရှည်တွင် ထိုင်နေသော လေးယောက်အနက် ဘေးအစွန်းရှိတစ်ယောက်ဆီ လျှောက်သွားလိုက်၏။
ထိုင်နေသူကတော့ တစ်ချက်သာ အကြည့်ပေးပြီး ပြန်ခေါင်းငုံ့သွားသည်။
လေးယောက်စလုံး၏ မျက်နှာများက အညိုကွက်များနှင့် သွေးစတစ်ချို့ ရှိနေသည်။

ထို့နောက် ဟွားလီအန်က ဘေးနားတွင် စက်ရုပ်ပမာရပ်နေသော ရဲတစ်ဦးအား လက်ညိုးထိုးကာ

"သားရိပေါ်ကို ခုချက်ချင်း လက်ထိပ်ဖြုတ်ပေးလိုက်!"

ဟုတ်ပါသည်။ ၀မ်ရိပေါ်လေးတစ်ယောက် သူငယ်ချင်း၃ယောက်နှင့်ပေါင်းကာ အခြားလူငယ်တစ်စုအား ထိုးကျိတ်ကြ၍ စခန်းရောက်နေသည်မှာ လွန်ခဲ့သည့် နှစ်နာရီကျော်က။

ရန်ပွဲစဖြစ်ဖြစ်ချင်း အသာစီးရသည်က ၀မ်ရိပေါ်တို့။
သို့ပေမဲ့ တစ်ဖက်လူငယ်တွေက အကြံအစည်ဖြင့်
ရဲခေါ်ထားသည့်ပုံပင်။
၀မ်ရိပေါ်တို့ ၄ယောက် ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် စတီးလက်ထိပ်၀တ်ကာ ရဲစခန်းသို့
ရောက်လာရ၏။

ရဲသားက မ၀ံ့မရဲဖြင့် ၀မ်ကျင်းရှန်းအား

"အထိအခိုက်များတဲ့ တစ်ဖက်လူတွေက အမှုဖွင့်ထားပါတယ်ခင်ဗျ
ကာယကံရှင်က ကြေအေးပေးမှ အိမ်ပြန်ခေါ်သွားခွင့်ရှိပါတယ်"

"တောက်စ်! စခန်းမှူးဘယ်မှာလဲ"

၀မ်ကျင်းရှန်းက ဒူးတုန်နေသော ရဲသားအား သေစေနိုင်သည့်အကြည့်တို့ပေးလိုက်သည်။

"စခန်းမှူးက ကျွန်တော်ပါ၊
ဒီခလေးလေးယောက်ကို အချုပ်ခန်းထဲ ထည့်ထားလိုက်!"

ခုနက တုံ့ဆိုင်းနေသည့်ရဲက ရိပေါ်တို့လေးယောက်အား ဆွဲခေါ်ကာ အချုပ်ခန်းထဲသို့ တွန်းပို့နေ၏။

"ရပ်လိုက်! သားရိပေါ်လိုလူမျိုးက ဒီလိုနိမ့်ကျတဲ့အချုပ်ခန်းထဲ၀င်စရာမလိုဘူး!"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now