Part-15

1.3K 76 6
                                    

>Unicode Pro<

"ကောင်းကောင်းပြန်နာ် သားသားနဲ့ရှောင်းလေး"

"ဟုတ်ကဲ့ပါဗျ"

"မ ဒီနားလာခဲ့!  မယောကျ်ားက ဒီမှါနော်"

ရှောင်းကျန့်၏ သဘောကောင်းမှုများပါးတွေ့ရှိကာ အနားမှမခွါဘဲ တရှောင်းရှောင်းဖြစ်နေသည့် ဟွားလီအန်းအား ၀မ်ကျန်းရှင်းက ရှာလကာရည်နင်နေတော့သည်။(သ၀န်တိုတာ)

"သားရိပေါ်!  သားရှောင်းကျန့်က အလိုလိုက်တယ်ဆိုတိုင်း သူ့အပေါ်မဆိုးရဘူးနော် လိမ်လိမ်မာမာနေ
ကြားလား"

"ဟုတ်ကဲ့ပါဗျ အန်ကယ်စစ်
သားဆိုးလဲမဆိုးပါဘူး လိမ်လိမ်မာမာနဲ့ပြောစကားနားထောင်ပါ့မယ်ဗျ
အန်ကယ်ဘာသာ အဲ့ဒီစိတ်ကောက်တတ်တဲ့ ဦးငယ်ကို နိုင်အောင်ထိန်း"

"တယ်...ငါလုပ်လိုက်ရ! ဒီကောင်လေးတော့ "

ဦးငယ်ပိုင်လင်းက ရိပေါ်ကို ငှက်မွှေးတုတ်ဖြင့်လိုက်ရိုက်တော့ သွက်လက်သည့်ကောင်လေးက ကားထဲ တန်းနေအောင်၀င်ပြေးတော့သည်။

"Mr.Xiao လက်မောင်းဒဏ်ရါက အရှင်းမပျောက်သေးတော့ အလေးအပင်တွေ မ မ,နဲ့နော်
ကိုယ့်ကိုကိုယ်လဲ ဂရုစိုက်ပြီး သားသားကိုလဲ ဂရုစိုက်ပေးပါ"

"သားသားကို ၀မ်းနည်းအောင်လုပ်ရင်  ကျွန်တော်က အိမ်ပြန်ခေါ်ထားမှာနော်၊ လက်ထပ်ဖို့လဲသဘောမတူဘူး၊ကိုစစ်ကလဲ ကျွန်တော့်တစ်ခွန်းပဲ!
ဒါကြောင့် သားသားကိုအမြဲပျော်အောင်ထားပေးပါ
သူ အချိန်တိုင်းပြုံးနေပါစေ "

"စိတ်ချပါဗျ ကျွန်တော့်အသက်နဲ့တောင် ကျိန်ပြီးပြောရဲပါတယ် သူအမြဲတမ်းပြုံးရယ်နေစေရမယ်
ပြီးတော့ သူ့မျက်နှာတစ်ချက်မှမညှိုးစေရပါဘူး"

"ကဲ ဒီနှစ်ယောက် စကားပြောနေတာရပ်သင့်ပြီ
ကားထဲက တစ်ယောက် နှုတ်ခမ်းဆူနေလောက်ပြိီ"

၀မ်အိမ်တော်မှ အလုပ်သမားများက ရိပေါ်၏အ၀တ်အစားနှင့် ပစ္စည်းများအားလုံးကို ကားနောက်ဖုံးထဲသို့ 
ထည့်လိုက်ကြသည်။
ရပ်ကြည့်နေသည့် လူလေးယောက်၏ မျက်၀န်းများတွင် ၀မ်းနည်းရိပ်သမ်းနေ၏။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now