Part-4

1.9K 127 6
                                    

>Unicode Pro<

ရှောင်းကျန့်က ရိပေါ်၏ ထိုင်ခုံခါးပတ်အား ဖြုတ်လိုက်တော့ ရိပေါ် မျက်လုံးလှန်ကြည့်လာသည်။

"အား ကော!ဘာလုပ်တာလဲ"

ဒူးနှစ်ဖက်အားပူကပ်ကာ သူ့အား အန္တရာယ်ကောင်ပမာ ပြုမူနေသော ၀မ်ရိပေါ်အား
ရှောင်းကျန့်က အတင်းအကျပ် သူ၏ပေါင်ပေါ် ဘေးတစ်စောင်းထိုင်စေလိုက်၏။ ရိပေါ်ခါးဆီသို့ လက်တင်ထားလိုက်သည်။

မျက်နှာချင်းနီးကပ်သွားမှ ရိပေါ်နားရွက်ဆီသို့ ခေါင်းစောင်းကာ

"ဒီလိုဆို နေရတာပိုအဆင်ပြေသွားပြီမလား....ဟင်"

ရိပေါ်မျက်နှာ ရေနွေးပူနှင့်ပတ်ခံရသလို ပူထူသွားသည်။
*ဘာလဲဟ! ကျန့်ကောကPsychoဖောက်နေတာလား*

"ကော.. ချပေး"

"ချပေးရမယ်ဟုတ်လား တကယ်ချပေးရမှာလား"

ရှောင်းကျန့်က ပါးချိုင့်များပေါ်အောင်ပြုံးလိုက်၏။

"အဲ့လို မဟုတ်ဘူး"

"ဒါဆို ဒီအတိုင်းထိုင်နေ"

ရိပေါ်မျက်နှာလေး ဇီးစေ့ခန့်သာရှိတော့သည်။
ပြီးတော့ ခပ်တိုးတိုးရေရွတ်လိုက်သေးသည်။

"seatနေရာတွေအကျယ်ကြီးရှိတာကို"

"အင်းသိတယ်
Gary အရှေ့ကဆေးရုံပဲ ရပ်လိုက်"

"Right"

Garyက တစ်ချိန်လုံး ရိပေါ်တို့အား မမြင်ချင်ယောင်ဆောင်နေကာ ရှောင်းကျန့်ပြောလိုက်ကာမှ ကားရပ်ပေးသည်။

ကားတံခါးဖွင့်လိုက်သည်နှင့် ရိပေါ်က ကားပေါ်မှ လျင်မြန်စွာ ဆင်းလိုက်၏။
ရှောင်းကျန့်ကလဲ အနောက်မှ လိုက်ပါသွားသော်လဲ Garyကတော့ ကားထဲတွင်သာ ကျန်ခဲ့သည်။

"ကော...အဲ့ ဂါရီဆိုတဲ့လူက ကောနဲ့ဘာတော်လဲ"

"သိချင်လို့လား"

ပြုံးပြီးမေးလာတော့ ရိပေါ်က ခေါင်းကို ခပ်ခပ်သွက်သွက်ခါကာ

"ဟင့်အင်းမသိချင်တော့ဘူး"

"သူက ကောနဲ့ ပေကျင်းမှာပဲစသိတာ
သူငွေကြေးအခက်အခဲရှိလို့ ကော ကူညီပေးခဲ့တာလေ
ဒါကြောင့်သူကကျေးဇူးဆပ်တဲ့အနေနဲ့ သူတတ်တဲ့ပညာနဲ့ ကောဘေးနားမှာ အမြဲတမ်း ကာကွယ်ပေးနေတာ"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now