>Unicode<
ဖုန်းထဲမှ ရှောင်းကျန့်နှင့်၀မ်ရိပေါ်၏ စေ့စပ်ပွဲတုန်းက ပုံတွေကို အားကျသည့်မျက်၀န်းများဖြင့် ကြည့်နေသော Snow Daisy။
ရှောင်းကျန့်မှာ ဒီလိုချိုမြိန်တဲ့ အချစ်ရေးလေးရှိနေတာပဲ။ သူမ ထင်ထားတာက Wang Groupနဲ့Xiao Groupပူးပေါင်းချင်တာကြောင့် ရှောင်းကျန့်က ထိုကောင်လေးနှင့် စေ့စပ်ခဲ့သည်ဟူ၍။
"တကယ်တမ်းကျတော့ ၀မ်ရိပေါ်လေးက ချစ်စရာလေးပဲ၊ ဒါကြောင့် ရှောင်းကျန့်က သဲသဲလှုပ်နေတာကိုး"
ရှောင်းကျန့်ပြောသည့် သူမကြာခင် ထိုကောင်လေးနှင့် လက်ထပ်မည် ဟူသည့်စကားအား မယုံကြည်ခဲ့ဖူးပေ။ ရှောင်းကျန့်က သူမအား သူ့အနားမကပ်စေချင်တာကြောင့် အဲ့လိုပြောခဲ့တာလို့ ထင်ခဲ့၏။
ပြီးတော့ သူမကလဲ ရှောင်းကျန့်မှာ ပိုင်ရှင်မရှိဘူးထင်ပြီး သဘောကျခဲ့ပါသည်။
သဘောကျတာကလဲ ရှောင်းကျန့်ပုံစံက သူမတွဲဖူးသည့်နိုင်ငံအရပ်ရပ်မှ ရီးစားများနှင့် မတူညီပဲ ကွဲပြားနေခြင်းကြောင့်ပါ။
But! ပိုင်ရှင်ရှိရင် ကိုယ်ဘယ်လောက်ပဲ သဘောကျနေပါစေ လက်လျော့ရတာ ထုံးစံပဲမလား။"အိုမို...၀မ်ပေါက်စလေးက ဘယ်ရှုထောင့်ကနေပဲကြည့်ကြည့် ချစ်ဖို့ကောင်းနေရောပဲ...
သူလေးသာ ငါ့မောင်လေးဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ... "အခု ပုံတွေကြည့်ရသလောက် ရှောင်းကျန့် ထိုကောင်လေးကို တော်တော်လေးချစ်ပုံရသည်။
အဲ့ဒီ ရှင်းကျင့်ဟွမ်ရဲ့စိတ်ကို သူမ လုံး၀နားမလည်ပေ။
တစ်ချို့အကြောင်းတွေကို ဖုံကွယ်ထားတာမို့ သူမ မသိပေမဲ့ ရှင်းကျင့်ဟွမ်က မူးရစ်မှောင်ခို ဂိုဏ်းက ဂိုဏ်းသားတစ်ဦးဖြစ်ပြီး မကြာခန နယ်စပ်သို့သွားကာ ဘိန်းဖြူနှင့် မူးရစ်ဆေးများ တင်သွင်းလေ့ရှိသည်တဲ့။ရှောင်းမိသားစုက တစ်ဦးတည်းသောမိန်းခလေးရှောင်းရှန်းနဲ့ လက်ထပ်ထားတာတောင်မှ ရှောင်းမိန်းခလေးကို ကွာရှင်းလိုက်တယ်။ တော်သေးတာပေါ့၊ရှောင်းမိန်းခလေးက သူ့ပိုင်ဆိုင်မှုတွေကို ပြန်မယူလို့၊မဟုတ်ရင် ရှင်းကျင့်ဟွမ်ကတော့ ကုန်းကောက်စရာမရှိလောက်အောင်ဆင်းရဲသွားမှာပင်။ခုကျပြန်တော့ Wang Groupနဲ့Xiao Groupကို မလိုလောဘစိတ်ထားပြီး အပိုင်လိုချင်နေပြန်သည်။
တကယ့် လောဘကြီးတဲ့မြေခွေးအိုပဲ!။
လောဘစိတ်အမြဲထားတတ်တဲ့သူတွေက အသက်တိုတတ်တယ်တဲ့၊ ဒီလူကြီးလဲ မြန်မြန်အသက်တိုပါစေ။
အဲ့တာမှ သူမကို ဒယ်ဒီ့နာမည်တပ်ပြီး ကျွဲလိုနွားလို ခိုင်းစားနေတာတွေ ရပ်သွားမှာ။
YOU ARE READING
✨THE ONLY ONE FROM THE HEART🌷(Completed)
Fanfiction🔅ZSWWSZD❕ ❤️Zhanyi Fanfiction💚 ဦးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~ ဉီးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~