Part-26(Final)

1.9K 90 2
                                    

>Unicode<

"ဒူးထောက်လိုက်"

ရှင်းကျင့်ဟွမ်၏ စကားကြောင့် ရှောင်းရှန်း၊ ၀မ်စစ်ရန်နှင့် ၀မ်ကျန်းရှင်းတို့ မျက်လုံးပြူးသွားရ၏။
အဲ့လောက်အထိ လုပ်ဖို့လိုလို့လား,

"ပိုင်ဆိုင်မှုတွေအကုန် လွှဲပြောင်းပေးပြီးပြီပဲ၊မင်းလောဘကို ဒီမှာတင်ရပ်သင့်ပြီ
သားရှောင်းကျန့်!"

ရှောင်းကျန့်က အမှန်တကယ်ပင် ဒူးထောက်ချလုက်ပါသည်။ ရှောင်းအိမ်တော်မှာ ရှင်းကျင့်ဟွမ်လက်ချက်ကြောင့် မိနစ်ပိုင်းအတွင်း သေသွားရသည့် ကောင်လေး၏ အဖြစ်အား ရှောင်းကျန့် မျက်လုံးထဲ ပြန်မြင်ယောင်လာခဲတာမို့ပါ။
ရှင်းကျင့်ဟွမ်ရဲ့စိတ်ထဲ ဘာရှိနေလဲ သူ မသိ၊ အကယ်၍သာ ၀မ့်ကို ထိုကောင်လေးကဲ့သို့ လုပ်ခဲ့လျှင်။
ရှောင်းကျန့်ဆက်မတွေးရဲတော့ပါ။
သူ ၀မ့်ကို ဒီလက်စား​ချေမည့်အစီအစဥ်ထဲ မပါ၀င်ခိုင်းသင့်ဘူး။
အဲ့ဒီအစား ရှင်းအိမ်တော်ကို ကိုယ်တိုင်၀င်ပြီး သက်သေရှာသင့်တာ။ဒီနေရာမှာ ၀မ်တစ်ခုခုဖြစ်ခဲ့ပါလျှင် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။ ဒါတွေအားလုံးက သူ့အမှားကြောင့်ပဲ။

"အဟွန်း ဒီလိုကြီးကျယ်မြင့်မြတ် မာနကြီးလွန်းတဲ့သခင်လေးက ငါ့ရှေ့မှာ ဒူးထောက်နေတယ်ဆိုတာ တယ်ကို မယုံနိုင်စရာပဲ"

ရှောင်းကျန့်မျက်နှာက ပြုံးရယ်ခြင်းမရှိသလို တည်တင်းနေခြင်းလဲမရှိ။

"ကျင့်ဟွမ်!! ရိပေါ်လေးကို လွှတ်ပေးပါ။နင် ငါ့မောင်ကို....မဟုတ်ဘူး နင့်ညီကို လက်စားချေနေတာတွေတော်ပါတော့!
ငါတို့မိဘတွေရဲ့ ကိစ္စအမှားတွေကို အတိတ်မှာပဲထားခဲ့ပြီး ငါတို့အနာဂတ်ကို ကောင်းမွန်အောင်လုပ်သင့်တယ်"

"ဘာလဲ! Snow Daisyက နင့်ကို ကိစ္စအားလုံးပြောပြလိုက်တာကြောင့် သိသွားခဲ့တာလား"

ရှင်းကျင့်ဟွမ် ရိပ်မိပါသည်။ Snow Daisyဆိုတဲ့ကလေးမ လာတိုက်တဲ့၀ိုင်ထဲ အယ်လ်ကိုဟော 80%လောက်ပါ၀င်နေတယ်ဆိုတာ။ သူသိလျှက်နဲ့သောက်ခဲ့ပါသည်။ သူမူးနေချိန် သူမက သိချင်တာအကုန်မေးလိမ့်မည်ဆိုတာ သိနေခဲ့ပေမဲ့ သူ သိလျှက်နဲ့ အကုန်ဖွင့်ဟပြောခဲ့သည်။ မြိုသိပ်ထားခဲ့သမျှ အကုန် ထုတ်ပြောလိုက်တာကြောင့် သူ့ရင်ထဲ ပေါ့ပါးသွားခဲ့၏။
ဒါပေမဲ့ သူ မထင်ထားသည်က ထိုဥာဏ်များသည့ကလေးမဟာ အသံဖမ်းစက်ဖြင့် အသံဖမ်းထားခဲ့သည် ဆိုတာကိုပဲ။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now