Part-22

990 66 2
                                    

>Unicode<

သုံးယောက်စလုံး ကြက်ကြော် တ၀တပြဲမြိုဆို့ပြီးနောက် ရိပေါ်လေးဟာ ကာလနဂါးနှင့်အပြိုင် စက်တော်ခေါ်နေသလို ရှောင်းကျန့်ကလဲ အီးမေးလ်ဖြင့် ကိစ္စတစ်ခုအား စုံစမ်းနေ၏။

"အားကျန့်....ကျဲသွားတော့မယ်
ရိပေါ်လေးကိုလဲ နှုတ်ဆက်တယ်လို့ပြောပေးအုံးနော်"

အိပ်ဆေးအရှိန်ကြောင့် ကုတင်ပေါ်တွင် ငြိမ်သက်စွာအိပ်ပျော်နေသူအား တစ်ချက်ကြည့်လိုက်ပြီး

"၀မ်နိုးလာရင် စိတ်မကောင်းဖြစ်နေမှာသေချာတယ်ဟိုမှာ တစ်ခုခုအဆင်မပြေတာရှိရင် ချက်ချင်းဖုန်းဆက်လိုက်နော်ကျဲ"

"စိတ်ချပါ ရှောင်းကျန့်လေးရယ် ကျဲကိုစိတ်ပူစရာမလိုပါဘူး အဲ့ဒီအစား ရိပေါ်လေးကိုသာ ပိုဂရုစိုက်ပေး
ပြီးတော့ ကျဲ ဘာမှလုပ်ပေးနိုင်တာမရှိလို့ ဦးလေးအတွက် လက်စားချေပေးပါ
ရှင်းကုမ္ပဏီပြိုလဲပြီး ဦးလေးကို သူလုပ်ကြံခဲ့သမျှ တစ်ခုချင်းစီပြန်ခံစားသွားစေချင်တယ်"

"ကျဲသာ အားလုံးကိုလွှတ်ချပြီး  သြဇီမှာ ကောင်းကောင်းမွန်မွန်နေလိုက်ပါ
အဲ့မှာပဲ ဘ၀သစ်ကိုပြန်စချင်ရင်လဲ ရတယ်
ကျွန်တော်ကတော့ သူ့ကိုသေချာပေါက် လက်စားပြန်ချေမှာ"

ရှောင်းရှန်းဟာ အသက်မပါသည့်အပြုံးတစ်ခုအား ဟန်လုပ်ပြုံးကာ အခန်းထဲမှထွက်သွားစဥ် ရှောင်းကျန့်စိတ်တို့ကလည်း လွန်ခဲ့တဲ့နှစ်အနည်းငယ်ဆီသို့ ပြန်လည်ရောက်ရှိသွား၏။

>>>>>>

ရှောင်းကျန့်မားတွင် အစ်ကိုတစ်ယောက် မောင်တစ်ယောက်ရှိပြီး အကြီးဆုံးအစ်ကိုဟာ ရှောင်းရှန်းကျဲ၏ အဖေဖြစ်သည်။
ရှောင်းကျန့်တွင်လည်း ရိပေါ်လိုပဲ ဦးလေးနှစ်ယောက်ရှိခဲ့၏။
မောင်နှမသုံးယောက်တွင် အကြီးဆုံးနှင့် အလတ်က အိမ်ထောင်ကျသွားပေမဲ့ အငယ်ဆုံးဦးလေးကတော့ လူပျိုကြီးဖြစ်နေဆဲပါ။

ရှောင်းကျန့်မားက နှလုံးရောဂါကြောင့် နုပျိုလှပဆဲအရွယ်မှာပင် ဆုံးသွားကာ ပါးကလဲ မားမရှိတော့သည့်အချိန်မှစ၍ သူပိုင်ဆိုင်သမျှစည်းစိမ်အကုန် ရှောင်းကျန့်နာမည်နဲ့ လွှဲအပ်ပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့သည်။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now