Part-11

1.2K 79 4
                                    

>Unicode Pro<

"ဟင်!"

မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတဲ့ ပုံရိပ်နှစ်ခုကြောင့် လက်ထဲမှ ဖန်ခွက် လွတ်ကျမတတ်။

ညအချိန်မတော်ကြီး ဘယ်ကနေဘယ်လိုရောက်နေမှန်းမသိသော တစိမ်းမိန်းခလေးတစ်ယောက်ကို ဖက်ထားတဲ့သူက သူ့ရဲ့ကောတဲ့လား။

အိပ်နေရင်း လန့်နိုးလာတော့ ဘေးနားမှာ ကောကရှိမနေခဲ့ပါ၊ ရေသောက်ချင်တာရော ကောကိုရှာချင်တဲ့ စိတ်ကြောင့် အောက်ထပ် ဆင်းလာပြီး မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ရိပေါ် လက်ထဲမှ ဖန်ခွက်အလွတ်အား လွှတ်ချထားခဲ့ကာ အခန်းဆီသို့ ပြန်၀င်ပြေးလာခဲ့မိသည်။
တံခါးအား လော့ချထားဖို့လဲမမေ့။

'ဒုန်း! ဒုန်း'

ဖန်ခွက် ကျကွဲသံကြောင့်မို့ထင်သည်၊ ရှောင်းကျန့်က 
အပေါ်ထပ်ပြန်ပြေးတက်လာကာ လော့ကျနေသောတံခါးအား တစ်ဒုန်းဒုန်း ထုရိုက်ကာ

"၀မ်....၀မ်!  တံခါးဖွင့်ပါအုံး
ကော ရှင်းပြပါ့မယ်
ရိပေါ်မြင်လိုက်သလိုမဟုတ်ပါဘူး"

"ဘာကိုရှင်းပြချင်သေးတာလဲ
သားမျက်စိနဲ့ ကိုယ်တိုင်မြင်လိုက်ရတာလောက်
ခိုင်လုံတဲ့သက်သေ မရှိဘူး!
ထွက်သွားပေးပါ
သားအနားကထွက်သွားပေးပါ"

အဲ့ဒီမိန်းခလေးကဘယ်သူလဲ၊ဘာလို့ အိမ်ကိုရောက်နေတာလဲ ဟုမေးချင်သော်လဲ ပါးစပ်မှထွက်သွားသည့်စကားများက ထိုသို့မဟုတ်။

"၀မ်....ဘာပဲဖြစ်ဖြစ် မင်းထင်သလိုမဟုတ်ဘူးဆိုတာယုံပေးပါ
သူမက...!"

"တော်ပြီ! 
ဘာမှထပ်မပြောနဲ့တော့
သားအိပ်တော့မယ် ကောလဲ တခြားအခန်းမှာသွားအိပ်"

အခန်းအပြင်ဘက်ဆီမှ အသံဟာ တိတ်ဆိတ်သွားတာမို့ ရိပေါ် တံခါးအားမှိီ၍ ဒူးနှစ်ဖက်အား လက်ခလေးဖြင့်ပိုက်ပြီး ထိုင်နေမိသည်။
ဘယ်လိုစိတ်နဲ့များလုပ်ရက်ရတာလဲကောရယ်...
မနက်ဖြန် စေ့စပ်တော့မဲ့သတိုးသားလောင်းကလေ...

မျက်၀န်းထဲ ပြန်ပေါ်လာသည့်ပုံရိပ်တစ်ခုကြောင့် ခေါင်းအားငုံ့ချကာ မျက်လုံးစုံမှတ်ထားလိုက်၏။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now