Part -5

1.8K 117 15
                                    

>Unicode pro<

ရှောင်းစံအိမ်သို့ရောက်လာခဲ့သော်လဲ ကားပေါ်မှမဆင်းပဲ ပေကပ်နေသော ၀မ်ရိပေါ်ကြောင့် ရှောင်းကျန့်က ပွေ့ချီကာ အိမ်ထဲသို့ခေါ်လာလိုက်သည်။

"ငိုးမရှောင်းကျန့်! ခင်ဗျားအိမ်မှာမနေဘူး အိမ်ကိုပြန်မယ်၊အောက်ပြန်ချပေးစမ်းပါဆို"

ရှောင်းစံအိမ်တော်မှ အစေခံများစွာနှင့် အိမ်တော်ထိန်းသည်လည်း ရှောင်းသခင်၏ အူမြူးနေသောမျက်နှာအားကြည့်ကာ ပါးစပ်များအဟောင်းသားနှင့် အံ့သြမှုအပြည့်။

သခင်လေးအပြုံးအား မြင်ရဖို့ နှစ်တွေအကြာကြီး
စောင့်လာခဲ့တာတောင် တစ်ကြိမ်မျှမပြုံးသည့် သခင်လေးက အခုတော့ ကောင်လေးတစ်ယောက်ကြောင့် ပြုံးနေလိုက်တာများ ပါးစပ်ကြီးနှားရွက်တက်ချိတ်မတက်။

ရိပေါ်အား ပွေ့ချီကာ ကွေ့ကောက်နေသော လှေကားအရှည်ကြီးအပေါ်သို့ တစ်ဆင့်ချင်းတက်သွားသည့် ရှောင်းကျန့်က မမောနိုင်မပန်းနိုင်။

'ဂျလောက်'

ရှောင်းကျန့် ရိပေါ်အား ဒုတိယထပ်ရှိ သူ၏ အခန်းထဲသိူ့ထည့်ကာ တံခါးအား ဂျက်ချထားလိုက်သည်။

"ရှောင်းကျန့် တံခါးပြန်ဖွင့်ပေးစမ်း!"

'ဒုန်း ဒုန်း'

"ထုမနေနဲ့ရိပေါ် လက်နာမယ်
ရေချိုးခန်းထဲမှာ ရေသွားချိုး"

"ခင်ဗျားတံခါးမပျက်စီးချင်ရင် အခုချက်ချင်း အသာတကြည်ဖွင့်ပေးတာကောင်းမယ်နော်ရှောင်းကျန့်"

"တံခါးက ပျက်စီးမှာမပူနဲ့ စိတ်ချရိပေါ်
အဲ့တံခါးတွေက အင်္ဂလန်ကနေ အထူးမှာထားတဲ့ ကျည်ကာတံခါးတွေ"

"ဒီ.....သောက်အဘိုးကြီး ...#%-:$%*'!

စကားအလွန်များပါသောရိပေါ်အား လျစ်လျူရှုကာ ရှောင်းကျန့်က အောက်ထပ်သို့ပြန်ဆင်းလာခဲ့သည်။

အောက်ထပ် ဧည့်ခန်းရောက်တော့ အသင့်ရပ်နေသည့်အိမ်တော်ထိန်းက ရေတစ်ခွက်ကမ်းပေးသည်။

"သခင်လေး အပြင်လူကို အိမ်ပေါ်ခေါ်မလာရဘူးလို့ သခင်စည်းကမ်းမှာပါတယ်မို့လား"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now