Part-19

1.1K 73 10
                                    

>Unicode<

ခွဲစိတ်ခန်းတံခါးရှေ့ရှိ ခုံတန်းပေါ်တွင် ထိုင်စောင့်နေသည့်ရှောင်းကျန်မျက်နှာက အသက်မဲ့စွာ။

လက်သန်းကြွယ်မှ လက်စွပ်လေးအား မျက်တောင်မခတ်တမ်း ငုံ့ကြည့်နေ၍ ဘယ်လိုအခြေအနေရှိမှန်းမသိရသေးသည့် ခွဲခန်းအတွင်းဆီသာ စိတ်ရောက်ရှိနေသည်။

မြင်မကောင်းအောင် ထွက်နေသောသွေးရဲရဲများနှင့် မျက်နှာလေးက မျက်၀န်းထဲ ပေါ်လာတော့ တိတ်ဆိတ်နေသည့်အခန်းရှေ့တွင် ခေါင်းငိုက်စိုက်ကျနေသူ၏မျက်၀န်းအိမ်ထဲမှ မျက်ရည်စက်လေးဟာ လက်သီးဆုပ်ပေါ် ကျရောက်ကာ ဖောက်ခနဲပင် အသံမြည်သွား၏။

အနားသို့ ​လျှောက်လာသည့် ခြေသံတစ်ရှပ်ရှပ်အား ကြားနေပေမဲ့ ရှောင်းကျန့်မော့ကြည့်ဖို့ပင် ခေါင်းထဲ လေးလံနေသည်။

"I'm so sorry.Master....
ကျွန်တော့်ပေါ့ဆမှုကြောင့် သခင်လေး အခုလိုဖြစ်ရတာ"

လက်မောင်းတစ်ဖက် ပတ်တီးစီးထား၍ ကျန်တစ်ဖက်မှ ချိုင်းထောက်နှင့် ထော့နဲ့ထော့နဲ့ဖြစ်နေသည့် Garyဟာ ရှောင်းကျန့်ရှေ့ ဒူးထောက်ချလိုက်၏။

"မင်းအပြစ်မဟုတ်ဘူးgary!
တရားခံဘယ်သူလဲဆိုတာ ငါသိပြီးသား
ထပြီး..အခန်းထဲပြန်အနားယူလိုက်"

"ကျွန်တော် ခွဲစိတ်မှုရလဒ်ကိုသိရမှပြန်မယ်
မဟုတ်ရင် ကျွန်တော့်ကိုယ်ကျွန်တော် လိပ်ပြာမလုံသလိုခံစားရတယ်"

ထိုအချိန်မှာပဲ အခန်းတံခါးပွင့်လာတာမို့ ရှောင်းကျန့်နှင့်Garyတို့ မတ်တပ်ရပ်လိုက်ကာ အပြင်ထွက်လာသည့်ဆရာ၀န်များရှေ့ ပိတ်ရပ်လိုက်သည်။

"ဆရာ....သူ့အခြေအနေဘယ်လိုရှိလဲဗျ"

"လူနာနဲ့ ဘယ်လိုတော်စပ်လဲခင်ဗျ"

"ကျွန်တော်က သူ့အမျိုးသားပါ
ခွဲစိတ်တာ အဆင်ပြေတယ်မို့လားဗျ"

ဆရာ၀န်ကြီးက Maskချွတ်လိုက်ကာ

"သူ့ရင်ဘတ်နဲ့ ဗိုက်ထဲက ကားမှန်ကွဲစတွေကိုတော့ တော်တော်အချိန်ပေးပြီး ထုတ်လိုက်ရတယ်
လူနာဦးခေါင်းက တစ်ခုခုနဲ့ ဆောင့်မိသွားလို့ဖြစ်မယ်....ခေါင်းကသွေးတအားထွက်တယ်ခင်ဗျ"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now