Part-18

1.2K 76 4
                                    

>Unicode<

နှစ်ရက်လောက်ကြာပြီးသွားတဲ့နောက်မှာ ရိပေါ်လေး နေပြန်ကောင်းလာခဲ့သည်။
ဒါ​ကြောင့် ရှောင်းကျန့်က ထိုနေ့နံနက်စောစောမှာပင် ကုမ္ပဏီသွားရန်ပြင်ဆင်ရတော့၏။

ရိပေါ် ဖျားသည့်နေ့မှစ၍ Xiao Groupအား လုံး၀ပစ်ထားလိုက်ရတာမို့ အခြားကုမ္ပဏီများနှင်စာချုပ်ချုပ်မည့် အခွင့်အရေးလဲဆုံးရှုံးသွားကာ အလုပ်များ တောင်ပုံယာပုံရှိနေပြီဖြစ်သည်။
သူ့ အတွင်းရေးမှူးက မိုးမလင်းခင်မှာပဲ ဖုန်းခေါ်နေတာ ၁၀ကြိမ်ထက်မနဲတော့။

ကိုယ်လုံးပေါ်မှန်ရှေ့တွင် သူက Suitအပြည့်၀တ်ဆင်ကာ Necktieအား တလွဲတချော်တွေ တပ်နေမိသည်။

တစ်ယောက်သောသူလေးကတော့ သူ့မျက်လုံးနှစ်လုံးပွင့်တဲ့အချိန်တိုင်း အမြဲနွေးထွေးတဲ့ရင်ခွင်တစ်ခုထဲ ဖက်တွယ်ခြင်းခံထားရလေ့ရှိပေမဲ့ ဒီနေ့မနက် သူနိုးလာတဲ့အခါ သူ့ဘေးနေရာကအေးစက်နေတာသိလိုက်ရတော့ ခါတိုင်းလို ဇိမ်မယူနေတော့ပဲ ချက်ချင်းထထိုင်လိုက်၏။

ငုတ်တုတ်ထိုင်လိုက်သည်နှင့် တွေ့လိုက်ရသည်က ကျက်သရေရှိပြီး ကျယ်ပြန့်တဲ့ နောက်ကျောတစ်ခု။

"ကျန့်ကော"

ရိပေါ်က ကုတင်ပေါ်တွင် အပျင်းကြောဆန့်နေရင်းမှ လှမ်းခေါ်၏။

"ဗျာ...နိုးနေပြီလား၀မ်
မောနင်းပါ"

ရှောင်းကျန့်က Necktieချည်နေရင်းတန်းလန်းနှင့်ကုတင် အနားကိုလျှောက်လာပြီး ရိပေါ်နှဖူးပေါ် လက်တင်ကာ ကိုယ်အပူချိန် ထပ်စမ်းကြည့်လိုက်သေး၏။

"မွ!"

ရိပေါ်ကတော့ သူ့နှဖူးကို လက်ဖြင့်အုပ်ရင်း ဆူပုတ်နေခဲ့သည်။ 
သူ မျက်နှာမသစ်ရသေးဘူးလေ...

နောက်တစ်ကြိမ် သူ့မျက်နှာနားကပ်လာသည့် ရှောင်းကျန့်မျက်နှာကို အဝေးတွန်းထုတ်ပစ်လိုက်၏။

"နံနံစော်စော်ကြီးဖြစ်နေမှာ
အနားမကပ်နဲ့"

"မနံပါဘူး မွှေးနေတာကို"

ရိပေါ် နဲနဲရှက်သလိုလေးဖြစ်သွားပေမဲ့ ခပ်တည်တည်မျက်နှာထားလုပ်ကာ ကုတင်ပေါ်မှ အောက်ဆင်းသွားပြီး ရှောင်းကျန့်Necktieများထားသည့်ဘက်ပြေးသွား၍ စိတ်ကြိုက်ရွေးချယ်နေတော့သည်။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now