Part-23

988 64 4
                                    

>Unicode<

တစ်ဦးတည်းသော မောင်ဖြစ်သူအား နှုတ်ဆက်ပြီး နောက် သူမ ဆေးရုံ၀န်းထဲမှ ထွက်ခါစမှာပင် ရှင်းကျင့်ဟွမ် စောင့်ကြည့်ခိုင်းထားသည့်  လူတစ်စုနှင့်တွေရပြန်သည်။
ပေါ့ပါးသည့်ခန္ဓာကိုယ်ရှိသောရှောင်းရှန်းဟာ All black၀တ်ထားသော လူငါးယောက် သူမဆီလာနေမှန်းသိသည်နှင့်  လူသွားလမ်းဘက်သို့ ခပ်သွက်သွက် လျှောက်လာခဲ့သည်။

ညနေပိုင်းအလုပ်ဆင်းချိန်၊ရုံးဆင်းချိန်မို့ ကားလမ်းတွင်လည်း ကားများ​ပြည့်ကျပ်နေသလို လူသွားစင်္ကြန်ပေါ်တွင်လည်း လူများ ကြိတ်ကြိတ်တိုးနေကြသည်။
ခန္ဓာကိုယ်သေးငယ်သည့် ရှောင်းရှန်းက လူကြားထဲ တိုး၀င်သွားကာ လူကျသည့် နီးရာကော်ဖီဆိုင်ထဲသို့ မသိမသာ ၀င်သွား၏။
ဦးနှောက်မရှိသည့် ရှင်းကျင့်ဟွမ်လူများကတော့ လူသွားလမ်းပေါ်တွင် သူမအား လိုက်လံရှာဖွေနေဆဲ။

"ဧည့်သည်...ဘာသုံးဆောင်မလဲခင်ဗျ"

"ကော်ဖီအေးတစ်ခွက်...ရေခဲတုံးလေးတွေပါထည့်ပေးနော်"

စားပွဲထိုးကောင်လေးထွက်သွားပြီးနောက် ရှောင်းရှန်းက Hotelသို့ ဘယ်လိုပြန်ရင်ကောင်းမလဲ စဥ်းစားနေ၏။
ထိုသို့စဥ်းစားနေစဥ် ကောင်တာဘက်သို့အကြည့်ရောက်သွားသောအခါ

"ပိုင်လင်း!?
အဲ့တာဦးငယ်ပိုင်လင်းလေးလား"

ပါးစပ်ကပြောနေသော်ငြား ခြေထောက်တွေက သူ့အလိုလို ကောင်တာဆီသို့ လျှောက်လာမိသည်။
မှန်နေတာပဲ၊ကောင်တာနှင့်အနီးဆုံးစားပွဲတွင် မျက်နှာမကောင်းစွာ ထိုင်နေသည့်ပိုင်လင်းက သူကျောခိုင်းထားသည့် ဆိုင်အပြင်ဘက်ကိုသာ ခနခနလှည့်ကြည့်နေ၏။

"ပိုင်လင်းလေး..."

"ဟင်! ရှောင်းရှန်း"

ပိုင်လင်းအနားသို့မရောက်ခင်မှာ ခန္ဓာကိုယ်ကြီးကြီးတစ်ခုက ပိုင်လင်းရှေ့တွင်ရပ်ပြီး ကာလိုက်တာမို့ ရှောင်းရှန်း ဒေါသထွက်သွားရသည်။
ကြီးမားသည့်ခန္ဓာကိုယ်ပိုင်ရှင်၏ မျက်နှာအား မော့ကြည့်လိုက်ပြီး

"ရှင်က ဘယ်သူလဲ! ရှေ့ကနေဖယ်စမ်း
မဟုတ်မှ!  ဦးငယ်ကို ရှင်က အတင်းအကြပ်ဖမ်းခေါ်ထားတာလား"

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now