Part-7

1.5K 103 9
                                    

>Unicode Pro<

သာယာသော မနက်ခင်း၏ နေရောင်ခြည်နုနုဟာ ပြတင်းပေါက်မှန်တံခါးအား ဖြတ်ကျော်လာလျှက်
နက်စွေးနေသော ကုတင်ထက် အိပ်ပျော်နေသည့် အဖြူရောင်လူသားထံသို့ ကျရောက်လာခဲ့သည်။
သို့သော် ! ထိုလူသားဟာ နေရောင်ခြည်အား မမှု။
သိုးနေအောင် အိပ်ပျော်နေသောကြောင့်ဖြစ်သည်။

'ကျွီ'

အနက်ရောင်Bathrobeအား ရင်ဘတ်ဟပြဲ၀တ်ကာ ရေချိုးခန်းထဲမှ ထွက်လာသည့်ရှောင်းကျန့်က အိပ်ခန်းမှကုတင်ရှိရာသို့ တန်းနေအောင်လျှောက်သွား၏။

ထို့နောက် ရေစိုနေသောဆံပင်များအား တဘက်အမဲနှင့်သုတ်ကာ ကာလနဂါးနှင့် ဆွေမျိုးတော်စပ်ပုံရသည့် အိပ်နေသူ၏ မျက်နှာနားသို့ ခေါင်းငုံ့ချလိုက်သည်။

ရှောင်းကျန့်ဆံပင်ရှိ ရေစက်အေးအေးများက ၀မ်ရိပေါ်မျက်နှာထံ တစ်တောက်တောက် ကျဆင်းလာလေပြီ။

"ဦးငယ်....သားအိပ်ချင်သေးတယ် လာမစနဲ့တော့"

ကယောင်ကတမ်းပြောနေသူကြောင့် ရှောင်းကျန့်က သွားကလေးများပေါ်လာသည်အထိ
ပါးချိုင့်ကလေးပေါ်လာသည်အထိ ရယ်တော့၏။
ထိုအပြုံးကို အိပ်နေသူသာ မြင်လျှင် ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေမိမှာအမှန်။
ရိပေါ်နှဖူးပေါ် ပျံ့ကျဲနေသော ဆံပင်များအား လက်ဖြင့်အသာအယာ ဖယ်ပေးကာ ဖောင်းနေသော ပါးကလေးအား ခပ်ဖွဖွ ညစ်လိုက်သေး၏။

အချိန်အနည်းငယ်ကြာလေတော့ ထိုနေရာမှ အ၀တ်လဲခန်းဆီသို့ ထွက်သွား၏။

တနဂ်နွေနေ့ဖြစ်သော်လည်း ရှောင်းကျန့်က တစ်ပတ်လုံးရုံးတက်သူဖြစ်သည်။

'Ring Ring'

ကုတင်ဘေး MacBookဘေးတွင် ယှဥ်လျှက် ချထားသော ဖုန်းမှ မက်ဆေ့ချ်​၏ တုန်ခါသံ။

ရှောင်းကျန့် Necktyeအား ချည်လိုက်ပြီး ဖုန်းဖွင့်ကြည့်ပြီးနောက် သူ၏မျက်နှာထားဟာ ရုပ်ချည်းတည်တင်းသွား၏။

ကုတင်ပေါ်မှ ၀မ်ရိပေါ်အား တစ်ချက်ကြည့်ကာ
လက်ဆွဲအိတ်ယူပြီး အခန်းထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားလေသည်။

✨THE ONLY ONE FROM THE HEART🌷(Completed)Where stories live. Discover now