>Unicode<
"ကိုစစ်.....မင်း!ဘယ်သူလဲ"
'ဒုတ်'
"အ့!"
မီးဖိုခန်းထဲတွင် ချက်ပြုတ်နေသည့် ပိုင်လင်းက တစ်စုံတစ်ယောက်၏ ရိုက်ချက်ကြောင့် မျက်လုံးများ မှိတ်ကျသွားတော့သည်။
ထိုအချင်းအရာကို CCTVမှတစ်ဆင့်ကြည့်နေသူက လက်သီးဆုပ်တို့အား ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။
ပြီးနောက် EarPhoneအား နားနားကပ်ကာ"အစီအစဥ်အတိုင်းပဲ ဆက်လုပ်ကြမယ်
ကိုယ့်ကိုကိုယ် ဂရုစိုက်နော်..."(ကျွန်တော့ကိုစိတ်မပူပါနဲ့...
မင်းကတော့....ငါ့မိသားစု၀င်ကိုထိရဲတဲ့အတွက် မင်းဘ၀စုတ်ပြတ်သတ်သွားစေရမယ်)..........
ရှောင်းအိမ်တော်၏ ဘေးဘက်ခြံ၀န်းအတွင်း ရှောင်းသက်တော်စောင့်များက လူနှစ်ယောက်အား ၀ိုင်းကာ သေနတ်များဖြင့် ချိန်ရွယ်ထားကြသည်။ရှင်းကျင့်ဟွမ်လက်ထဲရှိ ခေါင်းစွပ်အမဲ မျက်နှာပေါ် စွပ်ခံထားရသည့်ကောင်လေးအား ရှောင်းကျန့်က တစ်ချက်သာကြည့်လိုက်ပြီး
"၀မ်ဘယ်မှာလဲ...၀မ့်ကိုပြန်လွှတ်ပေးပါ! မင်းလိုချင်တာအကုန်ငါပေးမယ်"
"ဟက်! ဒီလိုလေသံနဲ့ပြောနေတာဆိုတော့ ဒီတစ်ယောက်က ၀မ်ရိပေါ်မဟုတ်မှန်း သိနေတာလား"
ရှင်းကျင့်ဟွမ် ပါးစပ်ကပြောလဲပြော ထိုကောင်လေးမျက်နှာရှိ ခေါင်းစွပ်အား ဆွဲချွတ်ပစ်လိုက်၏။
"ကျွန်တော့်ကိုလွှတ်ပေးပါ...ကျွန်တော်ဘာအပြစ်မှမလုပ်ထား....အား!!"
သေးငယ်သည့် ဓားချွန်က ထိုလူငယ်၏လည်ပင်းသို့ ထုတ်ချင်းပေါက် စ်ုက်၀င်သွားခဲ့ပြီး အသက်၀ိညဥ်မရှိတော့သည့်အတွက် မြေပြင်ပေါ်သို့ ကာရံမဲ့စွာ လဲကျသွားခဲ့ပါသည်။
ရှောင်းကျန့်၏ သက်တော်စောင့်တစ်ချို့က ထိုအချင်းအရာကိုမြင်တော့ ဟင်ခနဲ ဟာခနဲဖြစ်ကုန်ကြကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်၍ ရှင်းကျင့်ဟွမ်အား ပစ်ရန် ချိန်ထားကြ၏။"မင်းတို့က ငါ့ကိုအဲ့ဒီသေနတ်တွေနဲ့ ပစ်သတ်ရဲလား...
ငါသေသွားခဲ့ရင် ဒီအိမ်တော်ရဲ့အဖိုးတန်သခင်ငယ်လေးကို ငါ့လူတွေက သတ်ပစ်ကြလိမ့်မယ် အဟက်!"
YOU ARE READING
✨THE ONLY ONE FROM THE HEART🌷(Completed)
Fanfiction🔅ZSWWSZD❕ ❤️Zhanyi Fanfiction💚 ဦးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~ ဉီးလေးတွေ အတင်းစေ့စပ်ခိုင်းတဲ့လူဟာ ရှောင်းကျန့် တစ်ချိန်က Crushခဲ့တဲ့ စီနီယာအစ်ကိုဖြစ်နေသောအခါ~~~~