အပိုင်း(၂၂) Unicode

209 23 7
                                        

"ဟဲလို ဘယ်သူလဲရှင့်"

"ဒါက Ohm Pawat ရဲ့ဖုန်းမဟုတ်ဘူးလား"

"ဟုတ်ပါတယ်"

"ဒါဆိုငါဘယ်သူလဲဆိုတာပေါ်နေမှာပေါ့ ဖုန်း screenမှာ"

"အော် sorryပါဘာနာမည်မှမမှတ်ထားလို့မေးလိုက်တာပါ"

"ဒါနဲ့မင်းက"

"Ohm အိမ်သာသွားလို့အစ်ကို။ ညီမဘာပြောပေးလိုက်ရမလဲ"

"ငါမေးတာပဲဖြေ။ မင်းကဘယ်သူလဲ"

"ခုလောလောဆယ်တော့သူ့သူငယ်ချင်းပါ။ ညီမဘာပြောပေးလိုက်ရမလဲရှင့်"

"ပြောလိုက် ငါနဲ့နောက်ထပ်မပတ်သတ်ဖို့"
Nanon တစ်ယောက်အဲ့စကားပြောပြီးတာနဲ့ဖုန်းတန်းချလိုက်သည်။
ဘာသဘောကြီးလဲကွာ။ အဲ့မိန်းမကရောဘာလဲ။ခုလောလောဆယ်တော့သူငယ်ချင်းပါတဲ့။
ရီရတယ်။

Nanon တစ်ယောက်တွေးရင်းတွေးရင်းဒေါသထွက်လာပြီး ကားသော့နဲ့ပိုက်ဆံအိတ်ယူကာ တစ်နေရာရာသို့
_________________________________

"အဲ့ဒါကြောင့်မင်းတို့ကိုပြောပါတယ်။ လျှော့သောက်ပါ ကိုယ့်လစ်မစ်ကိုယ်သိလို့။ ခုတော့ဖြစ်ပြီမလား ။ခွေးကောင်လေးတွေ"
Sea နဲ့အခြားသူငယ်ချင်းတစ်ယောက်အရက်အနင်းကန်သောက်ပြီးခွေးလို နွားလိုသောက်ပြီး လူမှန်းသူမှန်းမသိအောင်အန်နေကြလို့ အိမ်သာထဲလိုက်ပို့ရတယ်။ သူတို့ကိုပြန်ခေါ်လာတော့ ကိုယ်တွေယူထားတဲ့ VIP roomအကြီးကြီးထဲပြန်‌ရောက်တော့ Kittyက ကျွန်တော့ကိုကြည့်ပြီး ဖုန်းကိုလှမ်းထောင်ပြသည်။ဟိုနှစ်ယောက်ကိုနေရာချပြီး

"အဲ့ဒါကိုယ့်ဖုန်းမလား Kitty "

"ဟုတ်တယ် Ohm။ ခုနကဖုန်းလာလို့ Kittyကိုင်လိုက်တာ"

"ဒီမှာခင်ဗျ။ မင်းနဲ့ကျွန်တော်နဲ့က ကျောင်းတူတူတက်ဖူးကြတဲ့သူငယ်ချင်းဆိုတာမှန်ပါတယ်။ ဒါပေမဲ့ တစ်ယောက်ဖုန်းကိုတစ်ယောက်ကိုင်ရလောက်အောင်မရင်းနှီးသေးဖူးထင်ပါတယ်"

"ရင်းနှီးအောင် Kittyကလုပ်မယ်ဆိုရင်ရော"

"ဘာ!!"

"Ohm ရှင်လည်းမသိတာမဟုတ်ဘူးနော် ကျွန်မရှင့်ကိုသဘောကျနေတာ ကြာလှပြီ။ မသိချင်ယောင်မဆောင်နေပါနဲ့တော့"

Love Line (Ongoing)Where stories live. Discover now