တီ...တီ...တီ...
နာရီနိုးစက်သံက အချိန်မှန်မှန်သူ့အလုပ်သူလုပ်နေပြီ။ လက်တံကလည်း ၇နာရီကိုညွှန်ပြနေသည်။ တက်ကြွတဲ့ကြက်ဖကတော့ကျွန်တော် Nanon Korapat ပါပဲခင်ဗျ။ ဘာလို့ဆိုတော့အချစ်နဲ့သွားတွေ့ရမယ်လေဟဲဟဲ
နိုးစက်ကိုပိတ်ရေအဝသောက်ပြီး ရေကိုကြာကြာလေးဇိမ်နဲ့ချိုးလိုက်သည်။ ရေမွှေးဗူးတစ်ဝက်ကုန်အောင်ဆွတ်လိုက်တာတော့မပြောတော့ပါဘူး။
___________________________________
ဒီနေ့လတ်လတ်ဆတ်ဆတ်ချစ်သူလေးနဲ့ ကိုယ်တွေကျောင်းကန်တင်းမှာမနက်စာတူတူစားဖို့ချိန်းထားသည့်အကြောင်းတွေးလိုက်ရင်းရင်တွေတောင်ခုန်တယ်။ ချိန်းထားတဲ့အချိန်က ၈ခွဲဆိုပေမဲ့ Ohmတစ်ယောက် ၈နာရီမထိုးခင်ထဲကရောက်နေပြီး Nanonကြိုက်လောက်မဲ့ မုန့်တွေကြိုမှာရင်းထိုင်စောင့်နေပြီ။
"ဟျောင့် Ohm ဒီနေ့ကျောင်းလာတာစောလှချည်လား ဘာလဲ အောင်စရင်းထွက်မဲ့နေ့မို့လား"
"ဟင် ဒီနေ့အောင်စရင်းထွက်မှာလား"
တအံ့တဩဖြစ်နေတဲ့ကျွန်တော့်ကို Sea ကကြည့်ပြီး
"တနေ့ကမင်းကို ဆရာပြောတယ်လေ။ မနေ့ကလဲ ငါမင်းကိုထပ်ပြောတယ်လေ။မင်းစိတ်တွေဘယ်ရောက်နေတာလဲ "
ကျွန်တော့်ကိုကြည့်ရင်းပြုံးဖြီးဖြီးလုပ်နေတဲ့ ကောင်ကိုပြန်ကြည့်ရင်း
"လူပဲကွ မမေ့တတ်ပဲနေမလား။ တစ်ခါတစ်ခါလေ မေ့တတ်တာပဲလေ။ ဘာထူးဆန်းလို့လဲ"
"အေးတခြားသူတွေဆိုရင်တော့ ငါယုံတယ်။ မင်းကိုတော့မဟုတ်ဘူး။ ပိုက်ဆံလေး ၁၀၀၀ကို လွန်ခဲ့တဲ့တစ်နှစ်ကချေးထားတာ အခုထိသတိရတဲ့ကောင်ကများ"
"ဒါကမတူဘူးလေ ။သူများဆီကအမြဲအချောင်လိုချင်တဲ့သူတွေရှိလို့အမြဲမှတ်မိအောင်လုပ်ထားတာ"
"တော်တာပေါ့ငါ့ကောင်ရ"
"တော်ပြီ ။ မင်းလုပ်စရာရှိတာသွားလုပ်တော့သွား။ ငါအသိတစ်ယောက်နဲ့ချိန်းထားလို့
ခနနေလာတော့မှာသူက။ မင်းရှိနေရင်ငါတို့အလုပ်ကိစ္စဘာညာပြောလို့မကောင်းဘူး"
YOU ARE READING
Love Line (Ongoing)
FanfictionLove LineကKikoပထမဆုံးရေးတဲ့fan ficလေးမို့အမှားပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။❤️💚 Ficထဲမှာပါတဲ့သုံးထားသော နေရာ/စကားအသုံးအနှုန်း များသည်ဖန်တီးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဘူးရှင့်။ ကလေးနှစ်ယောက်ကိုချစ်တဲ့စိ...
