မင်းနဲ့မှ ချစ်တတ်ပြီ
Part – 2
မနက်စောစော အိပ်ယာထနိုင်အောင် နှိုးစက်ချထားရတယ်လေ။ မထလို့ကမရ အသင်းကျတာမို့ စောစောသွားရ မယ်။ အသင်းမလုပ်ရင် ဖိုင်းကြေးကောက်ရင် မွဲမှာ။ အစထဲက အိမ်က မုန့်ဖိုးက သိပ်ပေးတာမဟုတ်။
"ဟဲ့ ညီညီ... နင့်ထမင်းချိုင့်ယူဦးလေ... ဒီကလေးနယ် "
ကျွန်တော်က နမော်နမဲ့သိပ်နိုင်တာ။ အဲ့လိုပဲ ခနခနမေ့တတ်လို့ အဆူခံရပေါင်းလည်း မနည်းဘူးလေ။ အဲ့ဒါလည်း ဘာလို့ မမှတ်နိုင်တာလဲ မသိ။
"ဟုတ် မေမေ လာပြီ "
"နင့်နယ် ပြေးရူး ပြေးရူးနဲ့လုပ်နေတာများ... မသိရင် ဆပ်ပြာသည် လင်ပျောက်နေတာကြနေတာပဲ "
"မေကတော့ပြောရော့မယ်... မင်းသားက အမြဲဒီလိုပဲလေ "
"မပြောချင်တော့ပါဘူး ကိုမင်းရယ်... အဲ့လိုနေတော့လည်း တစ်မျိုးကောင်းပါတယ်... ရည်းစားအရှုပ်ရှင်းကင်း တာပေါ့ "
"အေးပေါ့... သား များများထည့်စားဦးလေ "
"ရပြီ ဖေဖေရဲ့ သားသွားတော့မယ်နော် "
ထမင်းကြော်ကို ဇိမ်ခံပြီး စားဖို့ အချိန်မရှိ။ ပလုတ်ပလောင်းနဲ့ ဖေဖေတို့ကို နှုတ်ဆက်ကာ ကျောင်းကို ပြေးရတော့ သည်။ ပါးစပ်ထဲ ပလုတ်ပလောင်းနှင့်ပြေးနေရသည်မှာ တကယ်မလွယ်လှပေ။ လမ်းထိပ်အရောက်မှာ ပိုပြီးနင်သွားတော့တယ်။
"ဟာ ဟိုလူ "
စိတ်ထဲက ပြောလိုက်ခြင်းသာ။ ပါးစပ်ထဲ ထမင်းကြော်တွေအပြည့်ဖြစ်နေသည်မို့ ပါးစပ်က ဟမရဖြစ်နေတယ်လေ။
"ညီ... ရောက်ပြီလား "
"ဟုတ် "
"ဘာတွေစားလာတာလဲ... ပလုတ်ပလောင်းနဲ့ "
"..."
"ရော့ ရေသောက်လိုက်ဦး... နင်နေတာလား "
ခေါင်းပဲ ငြိမ့်ပြလိုက်တော့တယ်။ တကယ် ဒီလူ ဒီလောက်အစောကြီးရောက်နေလိမ့်မယ်လို့ မထင်ဘူးလေ။ အခုမှ ၇နာရီပဲရှိနေသေးတာ။ ဒီလူ တော်တော် ၀ီရိယကောင်းတယ်။
"ရရဲ့လား "
"ဟုတ် "
"လာသွားမယ်လေ "
ВЫ ЧИТАЕТЕ
မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]
Короткий рассказလူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိန်လေးကို ပြန်လည်လွမ်းစွတ်သွားစေမယ်လို့ ယုံကြည်ပါတယ် လူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိ...