Part 17(Uni)

2.3K 172 2
                                    

နေရောင်ခြည် ပြတင်းပေါက်ကို တိုး၀င်လာချိန်မှာ ကျွန်တော် နိုးထလာခဲ့တယ်။

ပျင်းရိခြင်းအလျင်းမရှိ။ ဒီနေ့လေးဟာဖြင့် ကျွန်တော့်ကို ကိုကိုက မေကြီးတို့ဆီမှာ ခွင့်လာတောင်းမယ့် နေ့လေ။

ခရီးထွက်ဖို့ပါနော် တခြားမတွေးပါနဲ့။

ခရီး ကအေ၀းကြီးတော့မဟုတ်။ ၆မိုင် ၇မိုင်ဆိုတော့ သိပ်မေ၀းလှပါဘူး။

ပြင်ဦးလွင် မန်းတလေးသွားလမ်း ၁၆မိုင်တိုးဂိတ်အကျော် Full Maxဆီဆိုင်နှင့် အောင်သိဒ္ဓိဆီဆိုင် (၂)ကြား လမ်းအတိုင်း တည့်တည့်သွားမယ်ဆိုရင် ၇မိုင်ကမ်းခြေကိုရောက်ပါလိမ့်မယ်။

၀င်ကြေးက ၂၀၀၀တဲ့။

ဒုဋ္ဌ၀တီ မြစ်ကမ်းဘေးမှာ တည်ရှိပြီး လာလည်တဲ့သူများလို့ အရမ်းကြိုက်တဲ့နေရာ တစ်ခုပေါ့။

ကိုယ်ကလည်း ရေဆော့ရတာ အသေကြိုက်တာဆိုတော့ ရှယ်ပဲ။

မနက်မိုးလင်းထဲက အိမ်ရှေ့ကို ခဏခဏမျှော်ကြည့်နေမိတယ်။

ကိုကိုဘယ်ချိန်များရောက်လာမလဲ ဆိုတဲ့ စိတ်နဲ့ပေါ့။

"ညီညီ မျှော်လာချည်လား... ဘယ်သူလာမှာမို့လို့လဲ..."

"ဘယ္သူမွ မလာပါဘူး ဖေကြီးရယ် သားက ဒီတိုင်းပဲ..."

"ဟုတ်လို့လား... မသိရင် ရည်းစားကိုမျှော်နေတဲ့ အပျိုဖြန်းလေးကျနေတာပဲ..."

"ဟာ ဖေကြီးကလည်းဗျာ..."

ကျွန်တော်ရှက်ပြီး အပေါ်ထပ်ကို တက်ပြေးခဲ့တယ်။ ဟုတ်တယ် မရှက်ရရိုးလား။ ဖေကြီးပြောတာလည်း ဟုတ်နေတာပဲလေ။ ကျွန်တော်က ကိုကို့ကို မျှော်နေမိတာကို။

"ညီညီရေ... ဟဲ့ ညီညီ..."

ဟင် မိထူး အသံကြီးလား၊ မိဦး အသံလား။

"ဟဲ့ ညီညီ အောက်ထပ်ကိုဆင်းလာခဲ့အုံး... နင့်သူငယ်ချင်းတွေရောက်တယ်..."

"ဗ်ာ... ဟုတ် မေကြီး..."

"ဒီကောင်မတွေဘာလို့လာတာပါလိမ့်..."

"ဟဲ့ ညီညီ ငါတို့ကိုလွမ်းမနေဘူးလား..."

"ဘာကိစ္စလွမ်းရမှာလဲ..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Où les histoires vivent. Découvrez maintenant