မင်းနဲ့မှချစ်တတ်ပြီ
Final Part
ဒီနေ့ စိတ်အလှုပ်ရှားစေသောနေ့ပဲ။
အကြောင်းကတော့ ကျွန်တော့်မေမေ ထောင်ကလွတ်မယ့်နေ့လေ။
မေမေ့ကိုလည်း ကျွန်တော်လွမ်းနေမိတာပါ။
ငယ်ငယ်လေးထဲက စောင့်ရှောက်လာပေးတဲ့ကျေးဇူးကျေွးလည်းရှိနေသေးသည်မလား။
မေမေကရော ကျွန်တော့်ကို လွမ်းနေပါ့မလား။
ပြီးတော့ ကျွန်တော် ကိုနဲ့ မေမေ့ကို မိတ်ဆက်ပေးဖို့ပါ ပြင်ထားတယ်။
ကိုကပြောတယ် တကယ္ကို မေမေနဲ့ အတူနေချင်တယ်ဆိုလည်း သူက ရတယ်တဲ့။
ကိုကို့ကိုလည်း ကျေးဇူးတင်ပါတယ်။
အရာရာ ကျွန်တော့်ကိုပဲ ဦးစားပေးလို့ပေါ့။
"မေမေ..."
"သား..."
မေမေထွက်လာလာချင်း ကျွန်တော့်ကို မြင်လိုက်ရတော့ အရမ်းအံ့သြသွားပုံပဲ။
မျက်၀န်းတွင်လည်း မျက်ရည်များ အိုင်ထွန်းလျှက်ရှိနေလေသည်။
"သား သားက လူပျိုကြီးကိုဖြစ်လို့ပါလား... ချောလည်း ချောလာတယ်..."
"မေမေလည်း အရင်လို နုနေစဲပါပဲ..."
"သားရယ်... မေမေတောင်းပန်ပါတယ်..."
"နှစ်တွေကြာခဲ့ပြီပဲ မေမေရယ်... အတိတ္ကို အတိတ်မှာပဲ ထားခဲ့တော့နော်... အခုလက်ရှိက သားနဲ့ မေမေအတူ နေရမယ်နော်..."
"သားရယ်..."
မေမေ့ရင်ထဲ မချည့်လိုက်တာကွယ်။
ဒီလောက် မကောင်းခဲ့တဲ့အမေကို ခုချိန်ထိ သိတတ်နေသေးတဲ့သား။
"မေမေ နေကောင်းပါတယ်နော်..."
"ဟင် ဒီက သားလေးက..."
"ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်... နှစ်တွေကြာတော့ မမှတ်မိလောက်ဘူးထင်ပါတယ်..."
"အေးကွယ်... မမှတ်မိတာကို ငါ့တူ စိတ်မရှိနဲ့နော်..."
"ရပါတယ် မေမေရယ်... "
"မေမေ... နားနဲ့မနာ ဖဝါးနဲ့နာပါနော်..."
"ဟေ..."
BẠN ĐANG ĐỌC
မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]
Truyện Ngắnလူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိန်လေးကို ပြန်လည်လွမ်းစွတ်သွားစေမယ်လို့ ယုံကြည်ပါတယ် လူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိ...