Part - 2 (Uni)

5.8K 376 4
                                    

မင်းနဲ့မှ ချစ်တတ်ပြီ

Part  2

မနက်စောစော အိပ်ယာထနိုင်အောင် နှိုးစက်ချထားရတယ်လေ။ မထလို့ကမရ အသင်းကျတာမို့ စောစောသွားရ မယ်။ အသင်းမလုပ်ရင် ဖိုင်းကြေးကောက်ရင် မြဲမွာ။ အစထဲက အိမ္က မုန့်ဖိုးက သိပ်ပေးတာမဟုတ်။

"ဟဲ့ ညီညီ... နင့်ထမင်းချိုင့်ယူဦးလေ... ဒီကလေးနယ် "

ကျွန်တော်က နမော်နမဲ့သိပ်နိုင်တာ။ အဲ့လိုပဲ ခဏခဏမေ့တတ်လို့ အဆူခံရပေါင်းလည်း မနည်းဘူးလေ။ အဲ့ဒါလည်း ဘာလို့ မမှတ်နိုင်တာလဲ မသိ။

"ဟုတ် မေကြီး လာပြီ "

"နင့်နယ် ပြေးရူး ပြေးရူးနဲ့လုပ်နေတာများ... မသိရင် ဆပ်ပြာသည် လင်ပျောက်နေတာကြနေတာပဲ "

"မေကတော့ပြောရော့မယ်... မင်းသားက အမြဲဒီလိုပဲလေ "

"မပြောချင်တော့ပါဘူး ကိုမင်းရယ်... အဲ့လိုနေတော့လည်း တစ်မျိုးကောင်းပါတယ်... ရည်းစားအရှုပ်ရှင်းကင်း တာပေါ့ "

"အေးပေါ့... သား များများထည့်စားဦးလေ "

"ရျပီ ဖေဖေရဲ့ သားသွားတော့မယ်နော် "

ထမင်းကြော်ကို ဇိမ်ခံပြီး စားဖို့ အချိန်မရှိ။ ပလုတ်ပလောင်းနဲ့ ဖေဖေတို့ကို နှုတ်ဆက်ကာ ကျောင်းကို ပြေးရတော့ သည်။ ပါးစပ်ထဲ ပလုတ်ပလောင်းနှင့်ပြေးနေရသည်မှာ တကယ်မလွယ်လှပေ။ လမ်းထိပ်အရောက်မှာ ပိုပြီးနင်သွားတော့တယ်။

"ဟာ ဟိုလူ "

စိတ်ထဲက ပြောလိုက်ခြင်းသာ။ ပါးစပ်ထဲ ထမင်းကြော်တွေအပြည့်ဖြစ်နေသည်မို့ ပါးစပ္က ဟမရဖြစ်နေတယ်လေ။

"ညီ... ရောက်ပြီလား "

"ဟုတ် "

"ဘာတွေစားလာတာလဲ... ပလုတ်ပလောင်းနဲ့ "

"..."

"ရော့ ရေသောက်လိုက်ဦး... နင်နေတာလား "

ခေါင်းပဲ ငြိမ့်ပြလိုက်တော့တယ်။ တကယ် ဒီလူ ဒီလောက်အစောကြီးရောက်နေလိမ့်မယ်လို့ မထင်ဘူးလေ။ အခုမှ ၇နာရီပဲရှိနေသေးတာ။ ဒီလူ တော်တော် ၀ီရိယကောင်းတယ်။

"ရရဲ့လား "

"ဟုတ် "

"လာသွားမယ်လေ "

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Onde histórias criam vida. Descubra agora