မင်းနဲ့မှချစ်တတ်ပြီ
Part 18
ကျွန်တော် ဒီနေ့ ညီတို့အိမ်သွားပြီး ခရီးထွက်ဖို့ကို ခွင့်တောင်းဖို့ ပြင်နေခဲ့တယ်။ မနက်စာကိုတော့ ထုံးစံအတိုင်း ကော်ဖီနဲ့ ကိတ်မုန့်လေးနဲ့ ၀မ်းစာဖြည့်ရတာပေါ့။ အဖေကတော့ ကျွန်တော်ဘာပြောပြော ခွင့်ပြုမှာပါ။ အဖေကို ကျွန်တော်နဲ့ ညီအကြောင်းကို ဖွင့်ပြောသင့်တယ်လို့တော့ ထင်တာပဲ။ ဒါပေမယ့် ကျွန်တော် မ၀ံ့ရဲဘူး ဖြစ်နေတယ်လေ။
အဖေစကားနားမထောင်လို့ဆိုပြီး ကိုကို ကျွန်တော်ကို စိတ်ဆိုးနေမလား။ အဖေကရော ကိုကို့ခြေရာနင်းတယ်ဆိုပြီး သားဆိုးတစ်ယောက်လို့ သတ်မှတ်လေမလား။ ကျွန်တော့်ခေါင်းထဲေ၀၀ါးလာတော့တယ်။ ပြောရမလား မပြောဘဲ ထားရမလား ရှုပ်ထွေးနေစဲပေါ့။
ကျွန်တော် ညီ့ကို ၉နာရီကျော်ကျော်လောက်လာခဲ့မယ်လို့ ပြောထားတယ်။ ခုက ၈နာရီခွဲရှိပြီ ဒါကြောင့်မို့ ကျွန်တော် အိမ်က ထွက်ဖို့ ပြင်လိုက်တယ်။ မင်းထွဋ်ကိုလည်း ပြန်လာမှ ပြောရမယ်လေ။ ကျွန်တော်အောက်ထပ်ကို ဆင်းလာတဲ့အချိန် အဖေက ထူးထူးဆန်းဆန်း ဧည့်ခန်းမှာ ထိုင်နေတာကို တွေ့လိုက်ရ တယ်။
"သားငယ်..."
"ဗျာ အဖေ..."
"လာပါအုံး... ခဏလောက်..."
"ဟုတ်..."
"သားငယ်ကို အဖေပြောစရာဆိုတာထက် မေးစရာရှိလို့..."
"ဟုတ် အဖေ မေးပါ..."
"ငါ့သား ကောင်မလေးတွေနဲ့ မတွဲတော့ဘူးဆို..."
"ဟုတ်ပါတယ် အဖေ..."
"ဘယ်လိုဖြစ်သွားတာလဲ သားငယ်... မင်းအရင်က ဒီလိုမဟုတ်ပါဘူး..."
"အဖေ ဘာပြောချင်တာလဲ ရှင်းအောင်ပြောပေးနိုင်မလား..."
"မင်းမှာ ကောင်လေးများရှိနေမလားလို့..."
"အင်း... ရှိတယ်ဆိုရင်ရော..."
"ဘာ!!"
"အဖေကြားတဲ့အတိုင်းပဲ..."
"ဘာကွ!"
"ဟုတ်တယ် အဖေ ကျွန်တော့်မှာ ကောင်လေးရှိတယ်..."
YOU ARE READING
မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]
Short Storyလူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိန်လေးကို ပြန်လည်လွမ်းစွတ်သွားစေမယ်လို့ ယုံကြည်ပါတယ် လူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိ...