Part 6 (Uni)

4K 259 15
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 6

ကျွန်တော်ကျောင်းသွားနေချိန်မှာ ကျွန်တော့်နောက်ကို လူတစ္စု လိုက်နေခဲ့တယ်။ သူတို့ပုံကို ကြည့်ရတာတော့ လူကောင်းတွေ ဖြစ်ဟန်မတူဘူး။ ကျွန်တော့်နောက်ကို သည်းကြီးမဲကြီးကိုလိုက်နေခဲ့တာ။ ကျွန်တော်မြန်မြန်လျှောက်ရင် သူတို့လည်း မြန်မြန်လိုက်လျှောက်နေတယ်။ ကျွန်တော်ရပ်ရင် လိုက်ရပ်တယ်။

ဒါဘာသေဘာလဲ။ သူတို့က ဘယ်သူတွေလဲ။ လူတွေကိုကြည့်ရတာ အသက်တော့ လုံး၀မကြီးသေးဘူး။ ၁၉ ၂၀လောက်တွေ။ ရုပ်တွေကတော့ လူမိုက်ရုပ်တွေနဲ့။

"ဟိုရှေ့က ကောင်လေး!!"

ဘုရား ဘုရား ကျွန်တော့်ကိုများ ခေါ်နေတာလားပဲ။ သူတို့က ခေါ်တော့ ကျွန်တော်ကြောက်ကြောက်နဲ့ ပြေးသွားမိ တယ်။

"မင်း အခုရပ်စမ်း!!!"

တကယ်ကြီး ကျွန်တော့်နောက်ကို လိုက်နေတာဗျာ့။ အေရးဆို လမ်းထဲမှာလည်း လူတောင်မပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင်မရှိ။ ငါလေး တော်တော် ကံကောင်းနေပါတယ်။ သူတို့က အုပ်လိုက်ကြီး ကျွန်တော်က တစ်ယောက်ထဲဆိုတော့ ဘယ်နိုင်မလဲ။ ခနလေးအတွင်း မိသွားတာပေါ့။

"မင်းကိုရပ်လို့ပြောတယ်မလား... ဘာလို့ပြေးနေတာလဲ "

"ဟို ဟိုလေ ကျွန်တော့်ကို ဘာလို့ဖမ်းတာလဲဟင် "

"မင်းကို ဖမ်းပေးရင် ၅သိန်းပေးမယ်ပြောလို့ "

"ဘယ္သူက??"

"စောက်စကားအရမ်းများတယ်နော်။ မင်းအပေါက် မင်းပိတ်မလား။ ငါတို့ပိတ်ပေးရမလား "

"ကိုယ့်ဘာသာ ပိတ်ပါမယ်ဗျာ "

သေပြီဆရာပဲ။ ဘယ်သူတွေမှန်းလဲမသိ။ ဘယ္သူက ငါ့ကို ၅သိန်းပေးပြီး ဖမ်းခိုင်းတာပါလိမ့်။ ငါ့ကို သူတို့ ဘာလုပ်ကြမလို့များလဲ။ ညီညီရေ... မင်းအခုဘယ်လိုလုပ်မလဲ။ ဘုရား ဘုရား ကံကောင်းထောက်မလို့ ကျွန်တော့်ကို လာကယ်တဲ့သူလေး တစ်ယောက်လောက်ထွက်ပေါ်လာပါစေ။

"ရောက်လာပြီလား "

"ဒီမွာ မင်းလိုချင်တဲ့ကောင် "

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Onde histórias criam vida. Descubra agora