Special Part

856 45 1
                                    

မင်းနဲ့မှချစ်တတ်ပြီ

Special Part

ဘုန်းကြီးကျောင်းဆီမှ အသံချဲ့စက်သံပြတ်သားစွာကြားနေရသည်။ သေချာသည့်အရာကတော့ ဘုန်းကြီးကျောင်း တွင် အလှူရှိနေပြီ ဖြစ်သောကြောင့်ပင်။ အေးချမ်းလှသော တောင်ပေါ်ရွာလေးတစ်ရွာတွင် ရောက်ရှိနေသော မိသားစုနှစ်စုနှင့် သူငယ်ချင်းများ။

အခြားသူများတော့မဟုတ်။ ညီညီ၏ မိဘနှစ်ပါးနှင့် သောတ၏ဖခင်၊ မင်းထွဋ်နှင့်ဂုဏ်ရောင်ဝါတို့သာမက အမိလေးယောက်နှင့်သူတို့၏ သက်ဆိုင်သူများလည်း ရောက်ရှိနေကြသည်။ သူတို့ တစ်ပေါင်းတစ်စုထဲ ရှိနေရခြင်းအကြောင်းကတော့ ညီညီမင်းမြတ်သော်နှင့် လှိုင်းသောတမောင်တို့၏ မင်္ဂလာဆွမ်ကျေွးကြောင့်ပင်။

ထိုရွာလေးတွင် သောတတို့စုံတွဲရောက်လာပြီးချိန်မှစ၍ အစစအရာရာ တိုးတက်ပြောင်းလဲလာခဲ့သည်။ အရင်လို ဆေးခန်းလေးမှာ ဝါးကပ်အမိုးဖြင့်မဟုတ်တော့ပဲ သွပ်မိုး၊အိမ်အဖြစ်ပြောင်းလဲသွားခဲ့လေပြီ။

ရွာမှ ကေလးမ်ားကို အားရင်အားသလို စာပြပေးတတ်ကြသေး၏။ ကျေးရွာစာကြည့်တိုက်လေး ဖြစ်မြောက်ဖို့ အတွက်လည်း အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့သည်။ ကေလးမ်ားသာမက စာတတ်ချင်သော လူကြီးများကိုလည်း စာတတ်သည်အထိ သင်ပြပေးသည်။

ကျန်းမာရေးဗဟုသုတများကိုလည်း အျမဲ ပြောပြပေးခဲ့သည်။ သူတို့နှစ်ယောက်မှာ အားလုံး၏ ယုံကြည်မှုကိုသာမက လေးစားလည်းခံရသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ အဖြစ်မှန်တွေကို ပြောပြသော အခါတွင်လည်း ပစ်ပယ်ခြင်းမခံရပဲ အားလုံးက လက်ခံပေးခဲ့ကြသည်။

သူတို့နှစ်ယောက်၏ ရည်ရွယ်ချက်ဖြစ်သော လက်ထပ်ဖို့ရန်အတွက်လည်း ရွာမှ လူကြီးများက ကူညီပေးခဲ့ကြသည်။ ရွာကိုခင်တွယ်နေပြီဖြစ်သော သောတတို့နှစ်ဦးမှာလည်း ထိုရွာလေးတွင်သာ အခြေချနေဖို့ ဆုံးဖြတ်လိုက်တော့သည်။ ခေလး၏ မိဘများကလည်း သဘောတူညီသည်မို့ အထူးပြောဖွယ်ရာမရှိ။

မင်္ဂလာဦးဆွမ်းကျေွးကို ရွာဦးဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။ ထိုအမှု မပြုလုပ်မီကပင် မိဘမ်ားကို ခေါ်ထားသောကြောင့် အားလုံး အစုံအလင်ရောက်ရှိနေခြင်းပင်။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Tahanan ng mga kuwento. Tumuklas ngayon