Part 16 (Uni)

2.6K 186 7
                                    

သာယာတဲ့ မနက်ခင်းချိန်ခါလေးတစ်ခု။ နေရောင်ခြည်လေးတွေ ဖြာကျလျှက်ရှိပြီး ငှက်ကလေးတွေရဲ့ သီချင်း ဆိုသံကို နားထောင်ရင်း အိပ်ယာက နိုးထလာခဲ့ပြီ။

ကျောင်းပိတ်ရက်ရောက်ပြီဆိုတော့ ခေါင်းပေါ့နေသလိုပဲ။

ဒါပေမယ့်လည်း ဆယ်တန်းရောက်တော့မှာဆိုတော့ ကြိုပြီး ပြင်စရာရှိတာ ပြင်ရတော့မှာပေ့ါ။

ကျွန်တော်တို့ စာမေးပွဲပြီးတာ ၃ရက်ရှိပြီလေ။ခုဆိုရင် ဖေဖော်ဝါရီလကုန်လို့ မတ်လထဲရောက်ပြီ။

ကိုကိုတို့ဆယ်တန်းတွေက မတ္လထဲမွာ ဖြေရမှာလေ။

အဲ့ဒါကြောင့် ကိုကိုနဲ့ မတွေ့ရတာ ကြာပြီ။

ကျွန်တော်တို့ စာမေးပွဲဖြေနေချိန်ကစပြီး ကိုကိုတို့ဆယ်တန်းတွေကို ပိတ်ပေးထားတာဆိုတော့ တော်တော်လေး ကြာနေပြီ ဆိုပါတော့။

တခါတေလေတာ့ ကိုကိုက အုတ်ခုံလေးကနေစောင့်ပြီး တွေ့ရှာပါတယ်။

အချိန်တော့အများကြီး မပေးနိုင်ဘူးပေါ့။

ဒါပေမယ့်လည်း ကိုကို့ရည်မှန်းချက်အတွက် ပြင်ဆင်နေချိန်မှာ ကိုယ္က အလိုက်သိပေးရမယ်မလား။

"ညီညီရေ... သားလေး... မဆင်းခဲ့သေးဘူးလား..."

ဟုတ်ပါရဲ့။ ကျွန်တော်ကလည်း မေ့တတ်ပါ့။ မနေ့ညက ပြောထားတယ် မေကြီးက ကျွန်တော်လည်း ကျောင်းပိတ် ဖေကြီးလည်း ရုံးပိတ်တုန်းလေး ရှမ်းခေါက်ဆွဲလုပ်ပေးမယ်ပြောထားတာ။ အဲ့ဒါ မနက်ကျရင် သားကူညီမယ် ပြောထားပြီး မေ့နေလိုက်တာ။

"အိပ်ယာထနောက်ကျနေပြန်ပြီလား သားညီညီ..."

"နိုးတာကြာပါပြီ ဖေကြီးရဲ့... သား နည်းနည်းလေး မေ့သွားလို့..."

"အေးပါကွာ..."

"သား ညီညီ မေကြီးကို ဒါလေးလာကူအုံးလေ..."

"ဟုတ် မေကြီး..."

မေကြီးလက်ရာ ရှမ်းခေါက်ဆွဲကတော့ ကျွန်တော်နဲ့ ဖေကြီးအကြိုက်ပေါ့။

မေကြီးက ဖေကြီးအကြိုက်တွေဆို သိပ်လက်ရာကောင်းတာ။ ကျွန်တော်ကလည်း ဖေကြီး နဲ့တူတာဆိုတော့ ဖေကြီး ကြိုက်တာမှန်သမျှ အကုန်ကြိုက်တယ်လေ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now