Part 21 (Uni)

2.2K 160 8
                                    

ဖူးဖူး ကားပေါ်မှာ ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့တယ်။

မေမေ့မွေးနေ့အတွက် ဘာတွေ surpriseတိုက်ရင်ကောင်းမလဲဆိုတဲ့ အတွေးနဲ့ပေါ့။

ကျေးဇူးတရားတွေရှိနေသေးတယ်မလား။ မွေးကျေးဇူးကို ဆပ်ခွင့်မရပေမယ့် ကျေွးကျေးဇူးကိုတော့ ဆပ်သင့်တယ် လေ။

ပတ်၀န်းကျင်မှာ အပြောဆိုခံပြီး ကျေွးမွေးလာခဲ့ပေးတဲ့ မေမေ့ကို ဒီလောက်မှ မသိတတ်ရင် ဘယ်လိုလုပ် သားသမီးကောင်းပီသမလဲ။

ညီညီကေတာ့ နားကြပ်တပ်ပြီး သီချင်းနားထောင်နေလေရဲ့။

ကျန်တဲ့သူတွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြလေရော။

ဖူးကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

ဟိုရောက်တော့ ဘယ်ကေနဘယ်လို ရောက်ချလာလဲမသိ။

အကိုမင်းထွဋ်ပေါ့ ညီညီ့အကိုနဲ့ လိုက်လာတာတဲ့လေ။

မသိမသာ ခိုးခိုးကြည့်ခံနေရတော့ စိတ်ထဲ မလြတ္လပ္ဘူး။

ရေလည်း မဆော့ချင်တာနဲ့ တခြားနေရာတွေ လျှောက်ကြည့်မယ်လုပ်တော့ အကိုမင်းထွဋ်က လိုက်လာတယ်လေ။

အမှန်တိုင်းပြောရရင် ဖူးဖူး ကိုမင်းထွဋ်ကို စိတ်၀င်စားနေတာ။

တိတိကျကျပြောရမယ်ဆိုရင်တော့ အစထဲက ကိုမင်းထွဋ်ကိုကြွေနေရတာပေါ့။

အကိုက လူဆိုးလူမိုက်လို့ ထင်ရပေမယ့် စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်။

သူများကို ကူညီချင်စိတ်အပြည့်ရှိတယ်။

အားငယ်တဲ့သူကို အားပေးတတ်တယ်။

စိတ်ဓာတ်ကျတဲ့အချိန်ဆို အကိုက အမြဲ အားပေးစကားပြောပေးတယ်လေ။

အကို့ကြည့်ရတာ တစ်မျိုးကြီးပဲ တစ်ခုခုပြောဖို့ စဉ်းစားနေတာပဲလား။

ဒါမှမဟုတ် တစ်ခုခုကို ကြောက်နေတာများလား။

အကိုက ကြောက်တယ်ဆိုတာ မဟုတ်သေးပါဘူး။

အကိုစိတ်လှုပ်ရှားလွန်း ချေွးတွေပြန်လာပုံပဲ။ ဘာများပြောမလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေလဲ မသိ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Opowieści tętniące życiem. Odkryj je teraz