Part 19 (Uni)

2.3K 152 11
                                    

မနက်ခင်းေ၀လီေ၀လင်းထဲက ထကာ ဆိုင်အတွက်ပြင်ဆင်စရာရှိတာပြင်ထားလိုက်တယ်။

အကို့ကိုတော့ ပြောထားပါတယ် ဒီနေ့ ခွင့်ယူမယ့်ကိစ္စကိုပေါ့။

ဒီနေ့ ခွင့်ယူမှာဆိုပေမယ့်လည်း ကိုယ်နေတဲ့ဆိုင်ဆိုတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ထားခဲ့ရမယ်လေ။

၈နာရီမှ ဖွင့်မှာဆိုတော့ ကျွန်တော့်အတွက် အချိန်ပိုနေလို့လည်းပါပါတယ်။

ခွင့်ယူတဲ့ အကြောင်းကို မပြောပြရသေးဘူးပဲ။

အကြောင်းကတော့ သောတနဲ့ ၇မိုင်လိုက်သွားမလို့လေ။

ကျွန်တော့်ရဲ့ နတ်သမီးလေးလည်းလိုက်မယ်တဲ့လေ။

ဒီတစ္ခုက ကျွန်တော့်အတွက် အခွင့်ကောင်းတစ်ခုပဲ။ ကျွန်တော်ဒီနေ့တော့ ဖူးငယ်ကို ဖွင့်ပြောမယ်လို့ တွေးထားတယ်။

သောတကလည်း အားပေးတယ် မင်းဒီတစ်ခါမှ မဖွင့်ပြောရင် နောက်ဘယ်တော့မှ ပြောရမှာမဟုတ်ဘူးတဲ့။

အဲ့လိုတော့လည်း ဟုတ်တာပဲလေ။ အပြင်မှာ တွေ့ရဖို့က လွယ်တဲ့ ကိစ္စမှ မဟုတ္တာ။

ဒီတစ်ခါတော့ ရအောင်ပြောမယ်။

"မင်းထွဋ် ပြီးပြီလားကွ..."

"ဟုတ် အကို ကျွန်တော်အားလုံးပြင်ပြီး သွားပါပြီ..."

"အေးပါ ကောင်းကောင်းပျော်ခဲ့ကြ..."

"ဟုတ်အကို... ကျွန်တော်ဆိုင်သေချာခင်းပြီးပြီနော်... မုန့်တွေလည်း သေချာ မှာထားပြီးပြီ ခဏနေရင် လာပို့လိမ့်မယ်..."

"မင်းကတော့လေ သွားစရာရှိတဲ့ဟာကို..."

"ရပါတယ် အကိုရဲ့... ဒီဆိုင်က ကျွန်တော့်အိမ်ဆိုရင်လည်းမမှားဘူးလေ... ဒါကြောင့် သပ်သပ်ရပ်ရပ်လေးဖြစ် အောင် လုပ်ပေးခဲ့တာပါ..."

"အေးပါကွာ... မင်းကိစ္စသာ အောင်မြင်အောင်လုပ်ခဲ့ပါကွာ..."

"ဟာ အကိုကလည်း..."

ကျွန်တော့်မှာလည်း ရင်ဖွင့်စရာဆိုလို့ ဒီအကိုနဲ့အမပဲ ရွိတာကို ဒါလေးပြောလိုက်မိတာ အ​ြမဲ စလို့ကို မပြီးတော့ ဘူး။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now