မင်းနဲ့မှချစ်တတ်ပြီ
Part 24
မနက်ခင်းလင်းရောင်ခြည်လေး ပြတင်းပေါက်က တိုး၀င်လာချိန်တွင် ကျွန်တော်နိုးလာခဲ့တယ်။
အခုဆိုရင် ကျောင်းဖွင့်ချိန်မရှိသည်မို့ အစောကြီးထစရာမလို။
အရင်ကျောင်းဖွင့်ချိန်တုန်းကလည်း အစောကြီးမှ မထခဲ့ပါဘူး။
အသင်းရှိတဲ့အချိန်လောက်ပဲ နှိုးစက်ပေးထားတာ။
ကျွန်တော်ရဲ့ မနက်ခင်းထချိန်ဟာ ၆နာရီခွဲပဲဖြစ်ပါတယ်။ တကယ်လို့ အရမ်းပျင်းနေရင်တော့ ၇ခွဲမှထတယ်လေ။
အဲ့ဒါကြောင့် ပြေးရူးပြေးရူးလုပ်ရတော့တာပေါ့။
ခုတော့ ၆ခွဲဆိုတော့ သိပ်နောက်မကျသေးပါဘူး။
ကျွန်တော်လည်း အပျင်းကြီးမနေတော့ဘဲ ထကာ ချက်ချင်းရေမိုးချိုးကာ အပြင်သွားဖို့ ပြင်ဆင်ရတော့တာပေါ့။
ဖေကြီးတို့ရဲ့ မိတ်ဆွေဆိုတဲ့သူကတော့ ဘယ္သူလဲမသိ။
သပ်သပ်ရပ်ရပ်လေးသေချာပြင်ဆင်ပြီး အောက်ထပ်ကို ဆင်းခဲ့လိုက်တယ်။
စတစ်အဖြူအကျႌလေးနဲ့ ပုဆိုးနက်ပြာအကွက်စိပ်လေးကို တွဲဖက်၀တ်ဆင်ထားခဲ့တယ်။
"ဟော သားတောင် အစောကြီး ပြင်ဆင်ထားတာပါလား..."
"ဒီလိုကြည့်တော့လည်း ငါ့သားက အေခ်ာပဲ..."
"အို ကျွန်မသားက အစထဲက ချောပြီးသားပဲကို..."
တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင်ပြောဆိုနေတာကိုကြည့်ပြီး ကျွန်တော်အလွန်ကြည်နူးမိတယ်။
ဖေကြီးနဲ့မေကြီးက ကျွန်တော့်အတွက် မိဘတင်မဟုတ် ရင်းရင်းနှီးနှီးပြောလို့ရတဲ့ သူငယ်ချင်းတွေပါပဲ။
ကျောင်းမှာကြုံရတဲ့ ကိစ္စတွေကို ဖေကြီးတို့ကိုပြောပြနေကြလေ။
ဒါပေမယ့် ကျွန်တော်နဲ့ကိုကို့အကြောင်းကိုတော့ တစ်ခါမှ မပြောခဲ့ဘူး။
ဖေကြီးတို့ အထင်သေးမှာစိုးရိမ်သလို ငယ်ငယ်လေးနဲ့ ရည်းစားထားရကောင်းလားဆိုပြီး မေကြီးဆူမှာစိုးတာလည်း ပါတယ်။
YOU ARE READING
မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]
Short Storyလူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိန်လေးကို ပြန်လည်လွမ်းစွတ်သွားစေမယ်လို့ ယုံကြည်ပါတယ် လူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိ...