Part 5 (Zawgyi)

1.8K 62 0
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 5

"ညီညီ "

"ပြောလေ မိဖူး "

မိဖူးကိုမြင်ရင် ကျွန်တော်မကျေနပ်ဖြစ်မိတယ်။ ကိုယ်ကြိတ်ကြွေနေရသူရဲ့ အနာဂတ်ချစ်သူလောင်းဆိုတော့ ခံစားချက်ကသိပ်မကောင်း။

"ငါ့ကို စာရှင်းပြပေးလို့ရမလား "

"ရတယ်လေ ဘယ်အပုဒ်လဲ "

"Chemistry ပါ အပုဒ်က နည်းနည်းများတယ်ဟ "

"အင်း ရပါတယ် ရှင်းပြမယ်လေ "

"ဒီနေ့ကျူရှင် ပိတ်တယ်မလား "

"အင်း မမက နယ်ဘက်ခနသွားလို့ ဒီနေ့တစ်ရက် ပိတ်ပေးထားတယ် "

"အဲ့ဒါဆို ညနေကျောင်းဆင်းရင် ရှင်းပြလေနော်။ မိဦးတို့လည်း မရဘူးရယ် "

"အင်းကောင်းသားပဲ "

"အဲ့ဒါဆို ငါသူတို့ကို ပြောထားလိုက်တော့မယ်နော် "

"အေးအေး "

ဟင်းးးးးးးး

ကျွန်တော်သက်ပြင်းအရှည်ကြီးချလိုက်မိတယ်။ ဒီနေ့ ကျွန်တော် အိမ်ကနေ စောစောထွက်လာခဲ့တယ်။ ဟိုလူနဲ့ မဆုံချင်လို့လေ။ တမင်ရှောင်နေတာသိရင် တစ်မျိုးထင်မလားပဲ။ ကိုယ်နဲ့လည်းမဆိုင်ပဲနဲ့ ဒီလိုလုပ်တာလည်း မကောင်းဘူးနော်။ အလကားသက်သက် သ၀န်တိုနေသလိုဖြစ်နေတယ်လေ။ မသိတော့ဘူးကွာ သူလည်းထင် ချင်ရာထင်တော့။ ငါလည်းလုပ်ချင်ရာလုပ်မယ်။

***

ဒီနေ့ အုတ်ခုံလေးပေါ်စောစောရောက်လာခဲ့တယ်။ ညီ ကျွန်တော့်ကို တွေ့ချင်လား မတွေးချင်လား မသေချာလို့ သူ့ကို မြင်တာနဲ့ ကျွန်တော်ပြေးပုန်းမိတယ်။ သူလည်း အုတ်ခုံလေးကို တစ်ချက်ကြည့်လိုက်ပါသေးတယ်။ ကျွန်တော့်ကို မမြင်လို့ မျက်နှာတော့သိပ်မကောင်း။ ဘာပဲဖြစ်ဖြစ် အတူသွားအတူလာနေကျဆိုတော့ သံယောဇဉ်တော့ ရှိနေနိုင်တယ်မလား။

ညီဘာဖြစ်နေမှန်းသိမှ ကျွန်တော်ရှေ့ဆက်တိုးလို့ရမယ်မလား။ ကျောင်းသွားတော့ ညီနောက်ကနေပဲ တိတ်တိတ်လေး လိုက်ခဲ့လိုက်တယ်။ ကျွန်တော်ကြောင့် ညီ စိတ်ညစ်တာမျိုး မဖြစ်စေချင်လို့ပေါ့။ ကျောင်းရောက်တော့ ညီက ဖူးပွင့်မေနဲ့ စကားပြောနေတယ်လေ။ မျက်နှာတော့မကောင်းဘူး။ ဘာလို့မှန်းမသိရတော့ ကျွန်တော် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now