Part 25(Uni)

2.3K 172 7
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 25

"ညီညီ..."

"ဗ်ာ ဖေကြီး..."

"ဖေကြီးမေးတာကို သား အမှန်တိုင်းဖြေမှာလား..."

"ဖေကြီးက ဘာမေးမလို့လဲ...မေးလေ..."

"သားမွာ ချစ်သူရှိနေလား..."

"ဟာ ဖေကြီးကလည်း... သားကောင်မလေးမရှိပါဘူးဗျာ..."

"အဲ့ဒါဆို ကောင်လေးရှိတယ်ပေါ့..."

"ဖေကြီးကတော့ နောက်ပြီ..."

"သားကို ဖေကြီးမွေးထားတာပါသားရယ်... သားအမူရာတွေကိုကြည့်တာနဲ့ သားဘာဖြစ်နေလဲ ဖေကြီးသိတယ်..."

"တကယ်လို့သားမှာ ကောင်လေးရှိနေတယ်ဆိုရင် ဖေကြီး သားကို ဘယ်လိုမြင်မလဲဟင်..."

"မင်းဖေကြီးက ခေတ်မီတဲ့ ဖေကြီးပါကွာ... ကိုယ့်သားကို ဟိုဟာမလုပ်ရဘူး ဒီဟာမလုပ်ရဘူးဆိုတာထက် သား မှန်တယ်ထင်တာကို လုပ် ဖေကြီး အားပေးတယ်..."

"ဒါဆိုရင် သားယောက်ျားလေးအချင်းချင်းတွဲနေတာကို ဖေကြီးက လက်ခံတယ်ပေါ့..."

"ဒါပေါ့သားရယ်..."

"ဖေကြီး မမေးတော့ဘူးလား... သားကောင်လေးက ဘယ္သူလဲဆိုတာ..."

"သောတမဟုတ်လား..."

"ဗ်ာ!"

"အံ့သြသွားလား မအ့ံသြပါနဲ့ကွာ အကိုကြီး ပြောပြတာ..."

"သူကေရာ ဘယ်လိုသိတာလဲ..."

"သူ့သားပြောပြတာပေါ့ကွ... မင်းကတော့လေ ကိုယ့်ဖေကြီးကို မပြောပြဘူး... ဘာတွေကြောက်နေတာလဲ..."

"သားကို ဆူမှာဆိုးလို့ပါ..."

"ဖေကြီးက သားကို ဘယ်တုန်းက ဆူခဲ့ဖူးလို့လဲ သားရယ်..."

"..."

"ငါ့သားမွတ္ထား ဖေကြီးက သားအတွက် အမြဲရှိတယ် စိတ်ပျော်စရာရှိရင် ဖေကြီးသားနဲ့အတူလိုက်ပျော်မယ်... ၀မ်းနည်းစရာရှိရင်လည်း အတူလိုက်၀မ်းနည်းမယ်... မိဘဆိုတာ သားသမီးတိုင်းအတွက် သူငယ်ချင်းကောင်း တစ်ယောက်ပါပဲသားရယ်... သားလုပ်ရပ်က မှားနေရင် မှန်တဲ့အထိ ပြင်နိုင်အောင် ဖေကြီး ကြိုးစားမယ်... အဲ့ဒါ သားတစ်ယောက်အပေါ်ကို ထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာပါသားရယ်..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now