Part 27 (Uni)

2.1K 167 5
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 27

အချိန်ရာသီတွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီးနောက် ကျွန်တော်စောင့်မျှော်နေသော နေ့ရက်လေးသို့ ရောက်ရှိခဲ့လေပြီ။

မင်္ဂလာဒုံလေဆိပ်ကို စိုက်ရောက်လာပြီးသည့်နောက် ချက်ချင်း မန်းတလေးသို့ မသွားချင်သေး။

ထို့ကြောင့် ရန်ကုန်မြို့၏ အထင်ကရ ဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံဘုရားသို့ ထွက်လာခဲ့သည်။

ပါလာသော ခရီးဆောင်အိတ်ကို ကားအတွင်းထားခဲ့ပြီး ဘုရားရင်ပြင်ပေါ်သို့ တက်လာခဲ့သည်။

ရုံးပိတ်ရက် မဟုတ်သောကြောင့် ဘုရားရင်ပြင်တွင် လူရှင်းလျှက်ရှိသည်။

ကျွန်တော့်၏ မွေးနံဖြစ်သော တနင်္လာနံတွင် ပန်းကပ်လှူခြင်းအမှုကို ပြုလုပ်ခဲ့သည်။

ခုဆိုလျှင် ကျွန်တော်မြန်မာပြည်နှင့်ေ၀းနေခဲ့သည်မှာ ၅နှစ်ခန့်ရှိနေလေပြီ။

ညီညီတို့ရော ခုဆိုရင် ဘာတွေလုပ်နေကြမလဲ။

မိဦးတို့ အုပ္စုကေရာ ကျွန်တော့်ကို မှတ်မိပါ့မလား။

ပြီးတော ကို...

ကျွန်တော်ချစ်ရတဲ့ ကိုကေရာ ကျွန်တော့်ကို ချစ်နေပါအုံးမလား။

လွမ်းတယ်ကိုရယ်။

ဒီ၅နှစ်အတွင်း ကျွန်တော် တော်တော်လေး အောင့်အီးပြီး နေခဲ့ရတယ်။

သိပ်လွမ်းတာပဲ ကိုရယ်။

အရမ်းချစ်တယ်လို့ပြောခဲ့တဲ့ ကို တစ်ယောက် ခုရော ကျွန်တော့်ကို ချစ်နိုင်အုံးမလား။

အချိန်တစ်ခုကို ကျော်လွန်ပြီးရင် အားလုံးက ပြောင်းလဲ သွားတတ်စမြဲမို့ ကျွန်တော် ကို့ကို ရင်မဆိုင်ရဲဘူးဖြစ် နေတယ်။

ဒါကြောင့် ဘုရားမွာ ဆုတောင်းခဲ့တယ်။

ကို ကျွန်တော့်ကို အရင်လို ချစ်နေပါစေလို့ပေါ့။

"တူလေး..."

ဦးလေး အသံကြားမှပဲ ကျွန်တော့်အတွေးအာရုံတွေ လက်ရှိလောကကို ပြန်ရောက်လာခဲ့တော့တယ်။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now