Part 28 (Zawgyi)

874 31 0
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 28

မနက် ၇နာရီလေယာဉ်ဖြင့် ချစ်သော မန်းတလေးမြို့ဆီသို့ ရန်ကုန်မှ ထွက်ခွာလိုက်ခဲ့တယ်။ မန္တလေးကိုရောက်တာနဲ့ ကို့ကို အရင်ပြေးတွေ့မယ်။ ညီညီပြောပုံအရဆိုရင် ကိုက အဲ့ဒီဆိုင်မှာပဲ ရှိနေတုန်းပေါ့။ ချစ်လိုက်တာ ကိုရယ်။ ကိုကရော ချစ်ကို ချစ်ပါအုံးမလား။

မချစ်လို့တော့ဘယ်ရမလဲ လက်စွပ်လေးလည်း သူ့ပိုင်ရှင်ကို လွမ်းနေရောပေါ့။ ကို လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ၊ ကျွန်တော် ကို့ကို ရအောင်ယူမှာ။ ကျွန်တော် ကိုနဲ့ဝေးနေတဲ့ အချိန်တစ်ခုလုံးမှာတောင် ချစ်ရဲ့စိတ်ထဲမှာ ကို အမြဲရှိနေခဲ့တယ်။ စားလည်း ကို၊ သွားလည်း ကို၊ ဘာလုပ်လုပ် ဘာကိုင်ကိုင် ကိုမှ ကိုပဲဖြစ်နေခဲ့တာ။ ဒါတွေကို ကိုက သိပါ့မလား။ ကျွန်တော်လွမ်းနေခဲ့တာရော ကိုသိပါ့မလား။ မသိရင်လည်း ကျွန်တော် သေချာပေါက် ပြောပြမှာမို့ ကျွန်တော့်ကို စောင့်နေနော်။

'တံတားဦးလေဆိပ်' လို့ရေးထားတာကိုကြည့်ပြီး တစ်ချက်ပြုံးမိတယ်။ သူချစ်ရသူရှိသော မန်းမြို့တော်သို့ သူပြန်ရောက်ခဲ့ပြီမလား။ ပြောင်းလဲမှုသိပ်မရှိသေးသော လေဆိပ်ဝန်းကျင်ကို ကြည့်ရင်း အေးမြသော လေကို တစ်ချက်ရှူရှိုက်လိုက်တယ်။ ချစ်ရသူနဲ့ တွေ့ရတော့မှာမို့ သူအရမ်းပျော်နေမိတာအမှန်ပင်။

ကျွန်တော် ချစ်ရသူကရော ကျွန်တော့်ကို တွေ့ရင် ပျော်မှာလား။ ကျွန်တော် အရမ်းသိချင်လာမိတယ်။

"တူလေး... ဘာတွေ တွေးနေတာလဲ..."

"ဘာရယ် မဟုတ်ပါဘူး ဦးလေးရယ်... ကျွန်တော် မန်းလေးမှာပဲ နေခဲ့တော့မယ်နော်..."

"အေးပါ ငါ့တူရာ ငါ့တူအချစ်ကြီးမှန်း ဦးလေးအသိဆုံးပါကွာ။ ဦးလေးကတော့ ငါ့တူဘက်က အမြဲရပ်တည်ပေး မယ့်သူဆိုတာ မှတ်ထားပေးပါ။ ပတ်ဝန်းကျင်က ဘယ်လိုပဲပြောနေပါစေ ငါ့တူမှန်တယ် ထင်တာသာ လုပ်... ဦးလေး အားပေးတယ်..."

"ကျေးဇူးတင်ပါတယ် ဦးလေးရယ်... ကျွန်တော့်အပေါ်မှာ ဦးလေးကျေးဇူးတွေများလို့ ဘယ်လိုတောင် ပြန်ဆပ်ရပါ့မလဲ စဉ်းစားနေတာ..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now