မင်းနဲ့မှချစ်တတ်ပြီ
Part 8
ဒီကနေ့ စာမေးပွဲစဖြေခဲ့ရတယ်။ အစ်ကိုနဲ့တော့ မတွေ့ဖြစ်ဘူး။ မနက်ခင်းက ကျွန်တော်တို့ဖြေရပြီး ညနေခင်းမှ အစ်ကိုတို့ဆယ်တန်းတွေ ဖြေရတာမို့လေ။
အခုက အစမ်းစာမေးပွဲမို့ သိပ်ပြီးတော့တော့ အရေးမကြီးပါဘူး။ ဒါပေမယ့်လည်း ကျွန်တော် စာပိုကြိုးစားရမယ်လေ။ အစ်ကိုက ကျောင်းမှာ အမြဲ အဆင့်၁ရတဲ့သူ သူနဲ့တွဲရမှာဆိုတော့ အနည်းဆုံး အဆင့်၁ကနေ ၅အတွင်းတော့ ၀င်အောင်လုပ်ရမှာပေါ့။
"ညီ "
"ဗျာ "
"ဖြေနိုင်လား "
"ဟုတ် ဖြေနိုင်ပါတယ် "
"အိမ်ကို ကောင်းကောင်းပြန်နော်။ လမ်းမှာ ဟိုဝင်ဒီဝင်မလုပ်နဲ့ဦး "
"ဟုတ်ကဲ့ပါ... အစ်ကိုလည်း ကောင်းကောင်းဖြေခဲ့နော် "
"အင်းပါ... အဲ့ဒါဆို အကိုဝင်တော့မယ် "
"ဟုတ် "
အစ်ကိုနဲ့ မတွေ့ရဘူးဆိုတာ လုံးဝမတွေ့ရတာတော့မဟုတ်။ ကျွန်တော်ဖြေပြီးပြန်ထွက်လာရင် အစ်ကိုတို့က အထဲ ၀င်ဖို့စောင့်နေချိန်လေးတော့ တွေ့ရတယ်။ တွေ့တိုင်း ဖြေနိုင်လား။ အိမ်ကို ကောင်းကောင်းပြန်ဖို့ပဲ မှာတယ်။ ကျန်တာတော့ မပြော။ အဖြေကိစ္စရော မမှတ်မိ ဘူးလားမသိ။
ဒါမှမဟုတ် စိတ်ထဲကို မရှိတာလားပဲ။ အပျော်သဘောနဲ့ ပြောခဲ့တာများလား။ မသိတော့ဘူးကွာ။ စိတ်တွေရှုပ်လာ ပြီ။ စာမေးပွဲ ဖြေပြီးတာနဲ့ ကျွန်တော်လည်း အိမ်ပဲ စာပြန်ကျက်တော့တယ်။ ကျူရှင်မ၀င်တော့ဘူးလေ။ မမက နားခိုင်း ထားတယ် စာမေးပွဲချိန်ဆို ကိုယ့်အိမ်မှာပဲ စာပြန်ကျက်ခိုင်းတာ။ ကိုယ့်တပည့်တွေကို ယုံကြည်တာ ဆိုပါတော့။ အကုန်တော့ဖြေနိုင်ခဲ့ပါတယ်။
***
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ Bioဖြေတဲ့နေ့ဆိုပါတော့။ တိတိကျကျပြောရရင် အကို့ကို အဖြေပေးမယ့်နေ့။ တချို့တွေက ပြောကြတယ်။ ဘိုင်အို ထိုင်ငိုတဲ့။ ကျွန်တော်ကတော့ မငိုရပါဘူး။ အေးဆေးပဲ။ ပျော်တောင်ပျော်နေသေးတယ်လေ။
BẠN ĐANG ĐỌC
မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]
Truyện Ngắnလူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိန်လေးကို ပြန်လည်လွမ်းစွတ်သွားစေမယ်လို့ ယုံကြည်ပါတယ် လူရှုပ်လူပွေ ကောင်လေးတစ်ယောက်နဲ့ ဖူးစာဆုံသွားတဲ့ ကောင်လေးတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ် ကျောင်းတက်ချိ...