Part 14 (Uni)

2.7K 176 0
                                    

ကျွန်တော်ဒီနေ့ မနက်ခင်းကို နှိုးစရာမလို၊ နှိုးစက်တောင်မလိုပဲ အိပ်ယာထခဲ့တယ်။ ညတိုင်း ကိုကိုနဲ့ဖုန်းပြော ဖြစ်နေတယ်လေ။

ကျွန်တော်တို့ စာမေးပွဲကလည်းနီးနေပြီ။ ကိုကိုတို့လည်း ဖြေရတော့မှာ သိပ်မလိုတော့ဘူးလေ။

ကိုကိုက ဆယ်တန်းဆိုတော့ ပိုပြီး အာရုံစိုက်ရတော့မှာပေါ့။

မနက်ဆိုလည်း ကျောင်းတူတူသွား၊ ညနေကျောင်းတူတူပြန်၊ ညဘက် ဖုန်းလေးခဏပြောပြီး အိပ်ရတယ်။

စာမေးပွဲတွေပြီးသွားမှပဲ ကိုကိုနဲ့ ကောင်းကောင်းDateရမယ်။

ဒီဇင်ဘာကျောင်းပိတ်ရက်တုန်းက ကိုကိုနဲ့ခရီးထွက်မယ်လို့ ကြံထားကာမှ မေကြီးရဲ့ အစီအစဉ်ကြောင့် ခရီးစဉ် ပျက်သွားခဲ့ရတယ်လေ။

ဆယ်ရက်ပိတ်တယ်ဆိုပေမယ့်လည်း ကျောင်းက အိမ်စာတွေအများကြီးပေးလိုက်တယ်လေ။

ကျောင်းပိတ်တယ်လို့သာပြောရတယ် စာကကြည့်နေတုန်း။ လြတ္လြတ္လပ္လပ္ကိုမရွိဘူး။

ညနေခင်းဘက်လေး စက်ဘီးစီးထွက်ခွင့်ရတယ်လေ။ အဲ့ခါမွ ကိုကိုနဲ့တွေ့ရတာ။ ကိုကိုနဲ့အတူတူ ရပ်ကွက်တစ်ပတ် စက်ဘီးလျှောက်စီးတယ်။

မုန့်တီ၀ယ်စားတယ်။ ပန်းခြံက ခုံမှာထိုင်ပြီး စကားပြောကြတယ်။ ကိုကိုကပြောတယ် ကိုကိုက ဆေးကျောင်း၀င် အောင်ဖြေမှာတဲ့။

ဘာလို့လဲမေးတော့ ကိုကိုက သူ့ကိုကိုလို ဆရာ၀န်တစ်ယောက်ဖြစ်ချင်လို့တဲ့။

သူ့ကိုကိုအကြောင်းမေးတော့ မဖြေဘူး။ ကျွန်တော်လည်း ကိုကိုစိတ်ပါတဲ့အခါမှ ပြောပါစေဆိုပြီး မေ့မေ့ပျောက် ပျောက်ထားလိုက်တယ်။

"ညီညီ မထေသးဘူးလား... ကျောင်းချိန်ရောက်တော့မယ်နော် နှပ်မနေနဲ့တော့..."

"ဟုတ် မေကြီး သားနိုးနေပါပြီ လာခဲ့မယ်..."

"အေးအေး..."

မေကြီး အောက်ဆင်းသွားသံကြားမှပဲ ကျွန်တော် အိပ်ယာက အမြန်လေးထပြီး ပြင်စရာရှိတာ ပြင်ရတော့တာပေါ့။

ကျွန်တော် အောက်ဆင်းသွားတော့ ဖေကြီးက ထမင်းစားပွဲမှာထိုင်နေပြီ။ ရှေ့မှာ မေကြီးရဲ့ လက်ရာ ထမင်းကြော် ချထားလျက်။ ဘေးမှာလည်း ကော်ဖီလည်း မပါမဖြစ်ပေါ့။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Onde histórias criam vida. Descubra agora