Part 29 (Uni)

2.8K 142 9
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 29

သာယာတဲ့ မနက်ခင်းလေးမှာ ချစ်ရသူနဲ့အတူ နိုးထခွင့်ရလာတာကို အရမ်းပျော်မိတယ်။

ကျွန်တော်လွမ်းနေခဲ့ရသော ရင်ကွင်ကျယ်ကြီး။

မျက်နှာချောချောနဲ့ နူးညံ့တဲ့ နှုတ်ခမ်းပါးလေးတစ်စုံ။

ကျွန်တော့်ခါးပေါ်မှာ ရစ်ပတ်ထားသော သူ့၏ လက်များ။

ထွက်သွားမှာစိုးသည့်နှယ် တင်းကြပ်အောင် ဖက်ထားသော သူကို ကျွန်တော် အပြစ်မမြင်နိုင်။

ခုမွ တွေ့ရခါစ ပြန်ခွဲရလျှင် သူတင်မဟုတ် ကျွန်တော်ပါ ရူးသွားနိုင်လိမ့်မယ်။

ကျွန်တော် အသက်ပင်ရဲရဲ မရှူရဲပါ။

ကို နိုးသွားမှာကို လြန္စြာ စိုးရိမ်တယ်။

ချစ်သူတစ်ရက်ဖြစ်ပြီးနောက်ပိုင်း ခွဲခဲ့ရတာဆိုတော့ ကို ဘာကြိုက်မှန်းမသိ။

တဖြည်းဖြည်းချင်း နားလည်မှုယူရမှာပါပဲ။

အခုတောင် ရင်ခွင်ကျယ်ကြီး လွန့်လူးလာလို့ ငြိမ်ငြိမ်လေးပြန်အိပ်နေရတယ်။

ကိုက အနီးကပ်ကြည့်လေ ပိုချောလေလားမသိ။

ဒါကြောင့်လည်း ဆိုင်ကိုလာတဲ့ ကောင်မလေးတွေများနေတာကို။

မဖြစ်သေးပါဘူး နောက်ဆို ကို့ကို Maskတပ်ထားခိုင်းရမယ်။

ဟုတ်တယ် ဒီက ခ်စ္သူက ခုမွ တွေ့ရတာ ဟိုကောင်မလေးတွေက ကို့ကို ဘယ်လောက်တောင် ငမ်းပြီးပြီလဲ မသိ။

တွေးရင်းတွေးရင်းနဲ့ သ၀န်တိုစိတ်ကပေါ်လာပြီ။

"ချစ်..."

ကျွန်တော်ခေါ်လိုက်တော့ ရင်ခွင်ထဲက အကောင်ပေါက်လေးက မော့ကြည့်လာတယ်။

မျက်တောင်လေး ပုတ်ခက်ပုတ်ခက်လုပ်နေပုံလေးက တကယ့်ကို အသည်းယားစရာပင်။ အိပ်ချင်မူးတူးပုံလေး မဟုတ်ပေမယ့်လည်း အလွန်ချစ်စရာကောင်းလှသည်။

အပေါ်မှစီး၍ ကြည့်ရသောကြောင့်ပင်လားမသိ။

ချစ်ရဲ့ မျက်တောင်ရှည်လေးတွေအစ မျက်လုံး၀ိုင်း၀ိုင်းလေး၊ နှာခေါင်းလုံးလုံးလေး၊ ပါးမို့မို့လေးနဲ့ နှုတ်ခမ်း ပါးပါး လေးတို့မှာ ကျွန်တော့်ကို စွဲဆောင်နေသည့်အလားပင်။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now