Part - 1 (Uni)

12.9K 547 12
                                    

ကျွန်တော်က LGBTတစ်ယောက်ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် မွေးကတည်းက LGBTမှန်းမသိခဲ့ပါဘူး။ ကျွန်တော်အရွယ်ရောက်လာတဲ့အခါ တိတိကျကျပြောရမယ်ဆိုရင် ကျွန်တော် ၈တန်းတက်တဲ့အချိန်မှာ စသိခဲ့ တယ်ဆိုပါတော့ဗျာ။

ဒါပေမယ့်လေ ကျွန်တော့်ကိုယ်ကျွန်တော် ခဏခဏပြန်ပြန်မေးတယ်။ ငါက သူများတွေပြောပြောနေသလို အခြောက်ဆိုတာများလားလို့ပေါ့။ ဒါပေမယ့် ပြန်စဉ်းစားတိုင်း အဖြေမရဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်က မိန်းကလေးတွေကို စိတ်မ၀င်စားတာကလွဲရင် မိန်းကလေးလို မနေချင်ဘူး။

တစ်ချို့တွေက တကယ် မခြောက်ဘဲ ခြောက်ဟန်ဆောင်ပြီး ဟာသတွေလုပ်ကြတယ်။ တခြားသူတွေအမြင်တော့ ကျွန်တော်မသိဘူး။ ကျွန်တော့်အမြင်ကတော့ တကယ်မဟုတ်ဘဲ အဲ့လိုမလုပ်စေချင်ဘူး။

သူတို့တွေက အဲ့လိုဟာသတွေလုပ်ပြတော့ လူတွေက မိန်းမလျာတွေကို လှောင်စရာ၊ ရယ်စရာလို့ပဲ သတ်မှတ်ကြတယ်။ အဲ့ဒါတော့ ကျွန်တော်မကြိုက်ဘူး။

ကျွန်တော့်ကိုယ်ကျွန်တော်ဘာလို့ LGBTလို့သတ်မှတ်တာလဲ??

ပြောပြပါ့မယ်။ ကျွန်တော်က မိန်းကလေးတွေကို လုံး၀စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် မိန်းကလေးသူငယ်ချင်းတွေ တော့ အများကြီးရှိပါတယ်။ ယောက်ျားလေးသူငယ်ချင်းတွေလည်း ရှိတော့ရှိပါတယ်။ ၈တန်းအရွယ်မှာ ယောက်ျားလေးတွေကို စိတ်၀င်စားမှန်း ကိုယ့်ကိုယ်ကိုယ်သိလာခဲ့တယ်။

အဓိက က​ေတာ့ ကျောင်းပြောင်းလာတဲ့ ကိုးတန်းက အစ်ကိုကြီးကိုပေါ့။ မိန်းကလေးတွေကြားထဲမှာ ရေပန်းအစားဆုံး တစ်ယောက်ဆိုပါတော့။ သူ့ကို မြင်မြင်ချင်း ကျွန်တော်ရင်ခုန်မိသွားတယ်။ ပြီးတော့ အတန်းထဲက ကောင်လေးတွေနဲ့ အကြည့်ချင်းဆုံရင်ပဲဖြစ်ဖြစ် ကျွန်တော့်စိတ်တွေ မရိုးမယွဖြစ်လာတယ်။

ဒါကြောင့် ကျွန်တော်ဟာ လိင်တူစိတ်၀င်စားသူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်ခြင်းပါ။ ကိုယ္က ဒီလိုဖြစ်နေတာကိုတော့ အခြားသူတွေကို မပြောပြချင်တာတော့ အမှန်ပဲ။ ဘာလို့လဲဆိုတော့ အားပေးတဲ့သူထက် လှောင်ရယ်တဲ့သူများတယ်လေ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Donde viven las historias. Descúbrelo ahora