Part - 3 (Uni)

5.2K 349 7
                                    

လှိုင်းသောတမောင်

ဒီနေ့က ကျောင်းပိတ်ရက်တစ်ခုပေါ့။ ကျောင်းမဖွင့်တော့ အိမ်မှာနေရတာ ပျင်းခြောက်ခြောက်ရယ်။ဒီနေ့လည်း ထိုအုပ်ခုံလေးပေါ် ခနခန သွားထိုင်နေမိတယ်။ တွေ့ချင်တဲ့သူရှိနေတော့လည်း သွားရတော့တာပေါ့။ စကားမစပ် ကျွန်တော့ကိုယ်ကျွန်တော်မိတ်ဆက်ရဦးမယ်။ ကျွန်တော့်နာမည်က လှိုင်းသောတမောင် ပါ။

ကျွန်တော့်ကို စော်ပွေတဲ့ကောင်လေးလို့ လူတိုင်းသိကြမယ်ထင်ပါတယ်။ အမှန်ပြောရရင် ကျွန်တော်က မိန်းကလေးစိတ်မ၀င်စားဘူးဗျာ့။ ဒီလိုပြောတော့ ကျွန်တော်ကို ဘာကောင်လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ကျွန်တော်ဒီလိုလုပ်ရတာ အကြောင်းရှိတယ်။

ဒီအကြောင်းကို ဘယ်ကစရမလဲဆိုရင် လွန်ခဲ့တဲ့ သုံးနှစ်လောက်ကအကြောင်းကို ပြန်ပြောရမယ်ထင်တယ်။ ကျွန်တော့်မှာ အရမ်းချစ်ရတဲ့ ကိုကိုတစ်ယောက်ရှိခဲ့တယ်။ ကိုကိုက ကျွန်တော့်ကို သိပ်ချစ်တယ်။ ကျွန်တော်လည်း ကိုကို့ကို သိပ်ချစ်ပါတယ်။ ကိုကိုက ကျွန်တော့်ကို အရမ်းဂရုစိုက်တယ်။ သွန်သင်ဆုံးမပေးတယ်။ အဖေပြီးရင် ကိုကို့ကို အချစ်ဆုံးပဲ။ အေဖက ကိုကို့ကို ကျွန်တော့်ထက်ပိုချစ်တယ်။ ကိုကိုက သားလိမ်မာလေးလေ။

ကိုကိုက ဆေးကျောင်းတက်နေတာလေ။ စတုတၳနှစ်တောင်ရောက်ပြီ။ သိပ်မကြာခင်မှာ ဆရာ၀န်ဖြစ်လာတော့မှာ မို့ အေဖက အရမ်း ဂုဏ်ယူနေတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့ ကျွန်တော်ကျောင်းက ပြန်လာတဲ့အချိန် ကိုကိုနဲ့ အေဖ အကြီးအကျယ်ရန်ဖြစ်နေကြတယ်။ ဘာကိစ္စလည်း တော့ ကျွန်တော်မသိ။

"မင်းကို မွေးထားမိလို့ ငါမွားတာ... သားသမီးယုံစုံလုံးကမ်းမိတာ ငါမွားတာ "

"အေဖ အခုနောင်တရနေပြီမလား... ကျွန်တော့်ကို မွေးထားမိလို့ "

"ဟုတ်တယ်... ငါ့မှာတော့ ငါ့သားလေးက ဆရာ၀န် ပြောစကားကို နားထောင်တာဆိုပြီး လိုက်ပြောလိုက်ရတာ... မင်းကတော့ကွာ "

"အေဖ့စကား ကျွန်တော်နားထောင်နေတာပဲလေ "

"မင်း ရည်းစားထားတာကို ငါမပြောပါဘူးကွာ။ မင်းကြိုက်တဲ့ ကောင်မလေးကိုချစ် ငါလက်ခံပေးမယ်။ အခုကကြာ "

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now