Part 21 (Zawgyi)

924 37 0
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 21

ဖူးဖူး ကားပေါ်မှာ ငြိမ်ငြိမ်လေး လိုက်ပါလာခဲ့တယ်။ မေမေ့မွေးနေ့အတွက် ဘာတွေ surpriseတိုက်ရင်ကောင်းမလဲဆိုတဲ့ အတွေးနဲ့ပေါ့။ ကျေးဇူးတရားတွေရှိနေသေးတယ်မလား။ မွေးကျေးဇူးကို ဆပ်ခွင့်မရပေမယ့် ကျွေးကျေးဇူးကိုတော့ ဆပ်သင့်တယ် လေ။

ပတ်ဝန်းကျင်မှာ အပြောဆိုခံပြီး ကျွေးမွေးလာခဲ့ပေးတဲ့ မေမေ့ကို ဒီလောက်မှ မသိတတ်ရင် ဘယ်လိုလုပ် သားသမီးကောင်းပီသမလဲ။ ညီညီကတော့ နားကြပ်တပ်ပြီး သီချင်းနားထောင်နေလေရဲ့။ ကျန်တဲ့သူတွေကတော့ ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြလေရော။ ဖူးကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

ဟိုရောက်တော့ ဘယ်ကနေဘယ်လို ရောက်ချလာလဲမသိ။ အကိုမင်းထွဋ်ပေါ့ ညီညီ့အကိုနဲ့ လိုက်လာတာတဲ့လေ။ မသိမသာ ခိုးခိုးကြည့်ခံနေရတော့ စိတ်ထဲ မလွတ်လပ်ဘူး။ ရေလည်း မဆော့ချင်တာနဲ့ တခြားနေရာတွေ လျှောက်ကြည့်မယ်လုပ်တော့ အကိုမင်းထွဋ်က လိုက်လာတယ်လေ။

အမှန်တိုင်းပြောရရင် ဖူးဖူး ကိုမင်းထွဋ်ကို စိတ်ဝင်စားနေတာ။ တိတိကျကျပြောရမယ်ဆိုရင်တော့ အစထဲက ကိုမင်းထွဋ်ကိုကြွေနေရတာပေါ့။ အစ်ကိုက လူဆိုးလူမိုက်လို့ ထင်ရပေမယ့် စိတ်ရင်းလေးကတော့ ကောင်းရှာပါတယ်။ သူများကို ကူညီချင်စိတ်အပြည့်ရှိတယ်။ အားငယ်တဲ့သူကို အားပေးတတ်တယ်။ စိတ်ဓာတ်ကျတဲ့အချိန်ဆို အစ်ကိုက အမြဲ အားပေးစကားပြောပေးတယ်လေ။

အစ်ကို့ကြည့်ရတာ တစ်မျိုးကြီးပဲ တစ်ခုခုပြောဖို့ စဉ်းစားနေတာပဲလား။ ဒါမှမဟုတ် တစ်ခုခုကို ကြောက်နေတာများလား။ အစ်ကိုက ကြောက်တယ်ဆိုတာ မဟုတ်သေးပါဘူး။ အစ်ကိုစိတ်လှုပ်ရှားလွန်း ချွေးတွေပြန်လာပုံပဲ။ ဘာများပြောမလို့ အဲ့လောက်တောင် စိတ်လှုပ်ရှားနေလဲမသိ။

"ဖူး..."

"ရှင်..."

"ဖူးကို ကိုယ်တစ်ခုလောက်မေးချင်လို့ ရလား..."

"ရတယ်လေ..."

"ဟိုလေ... ဟို... ဖူးမှာ ချစ်သူရှိလား..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now