Part 10 (Zawgyi)

1.5K 47 0
                                    

မင်းနဲ့မှချစ်တတ်ပြီ

Part 10

ကျောင်းထဲမှာ မနက်စာအတူတူစားရတာ အကျင့်တစ်ခုလိုဖြစ်နေပြီ။ ကျွန်တော်နဲ့ညီ ထမင်းတူတူစားတိုင်း ပိုပြီး ရင်းနှီးလာတယ်လို့ ခံစားရလို့လေ။ ထမင်းစားပြီးသွားမှပဲ ကိုယ့်အတန်းကို ၀င်ကြတယ်။ ချစ်သူဆိုပေမယ့်လည်း လက်လေးတောင် မကိုင်ရသေးပါဘူးဗျာ။

နမ်းဖို့ဆို ဝေးလာဝေး။ ကျွန်တော်လည်း ချက်ချင်းကြီးတော့ ဘယ် အဆင့်တက်ရဲပါ့မလဲ။ မုန့်စားဆင်းချိန်ကတော့ ညီနဲ့ မုန့်ဆိုင်မှာ ခနလေးတွေ့လိုက်ရတယ်။ မတွေ့ရရင် မနေနိုင်ဖြစ်နေသူကြီးမို့ ကျောင်းတက်ချိန်တောင် ကိုယ်နဲ့မဆိုင်လည်း သူ့အခန်းရှေ့မှာ ရစ်သီ ရစ်သီ သွားသွားလုပ်တတ်နေပြီလေ။

တစ်ချိန်ပြီးတာနဲ့ ဆရာမကိုပြောပြီး အောက်ထပ်ကို ဆင်းလာတယ်။ ကျောင်းလှေကားက နှစ်ဘက်ရှိတယ်လေ။ ကျွန်တော့်အတန်းနဲ့ နီးတဲ့လှေကားက ဆင်းလည်း ရပါတယ်။ ဒါပေမယ့်လည်း ညီ့အတန်းရှေ့က ဖြတ်သွားချင်တော့ ကျွန်တော်တို့အခန်းနဲ့ဝေးတဲ့ လှေကားဘက်ကနေ ပတ်ဆင်းဖြစ်တယ်။

ညီက ရှေ့ဆုံးတန်းမှာ ထိုင်တာဆိုတော့ တံခါးပေါက်နဲ့တည့်တည့်လေ။ ရှင်းရှင်းလင်းလင်းမြင်ရတာပေါ့။ အဲ့ဒါလည်း ကောင်းပါတယ် မဟုတ်ရင် ကုတ်ချောင်းကုတ်ချောင်းနဲ့ ကြည့်မရဘူးလေ။ ရှင်းရှင်းလင်းလင်း မြင်ရတော့ ပေါ်တင်ကြည့်လည်း သိပ်မသိသာဘူးမလား။

ကျွန်တော်သွားတော့ ညီတို့ အတန်းဆရာမ မ၀င်ဘူးထင်ပါရဲ့ တစ်တန်းလုံး ဆူညံနေတာပဲ။ အတန်းထဲမှာ ဂျိုထောင်တဲ့ အကောင်တစ်ကောင်ကရှိနေသေးတယ်။ ညီကတော့ အိပ်ငိုက်နေလို့နဲ့ တူပါတယ် ခုံပေါ် ခေါင်းမောက်ပြီး အိပ်နေလေရဲ့။

မကြာပါဘူး ဟိုဂျိုကောင် ပစ်လိုက်တဲ့ စွန်က ညီ့ခေါင်းပေါ်ကို ကျသွားတယ်လေ။ ညီ တော်တော်ဒေါသထွက်နေရှာတယ်။ ကျွန်တော်လည်း ဘာမှ ၀င်မပြောသေးဘဲ ခနရပ်ကြည့်နေမိတယ်။ မကြာပါဘူး ဟိုဂျိုကောင်က ညီက နင့်နင့်သီးသီးတွေလာပြောတယ်လေ။ ကျွန်တော်အသားတွေ တဆတ်ဆတ်တုန်လာပြီး တောက်တစ်ချက်ခေါက်လိုက်မိတယ်။ တစ်တန်းလုံးရဲ့အကြည့်တွေ ကျွန်တော်ဆီရောက်လာပါရော။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now