Part 13 (Uni)

2.9K 195 8
                                    

ကျွန်တော် တစ်နေသာကုန်သွားတယ် ကိုကို့စီပဲ စိတ်ကရောက်နေတော့ စာထဲ အာရုံမရ။

တော်သေးတယ် ဆရာမက ကျွန်တော့်ကို စာရတယ်ဆိုပြီး စာမမေးပေလို့ပေါ့။

ကျွန်တော်စဉ်းစားနေတာ တစ်ခုရှိသေးတယ်။ အဲ့ဒါက ဟိုဘက်ရပ်ကွက်က အကိုကြီးနဲ့ ကိုကိုနဲ့ ဘယ္လို သိတာလဲဆိုတာပဲ။

တစ်ရပ်ကွက်ထဲနေတာဆိုတော့ သိချင်သိလောက်မှာပေါ့။ အဲ့ဒါတွေ ကျွန်တော်တွေးမနေတော့ဘဲ ကျောင်းဆင်းရင် ကိုကို့ဆီ သွားဖို့ စဉ်းစားမိလိုက်တယ်။ အကြောင်းကတော့ ကိုကို နေမကောင်းဘူးတဲ့လေ။

ကိုယ့်ချစ်သူ နေမကောင်းတာကို သွားမကြည့်ရင် ကျွန်တော်ဘယ်ကောင်းမလဲ။

ပြီးတော့ ကိုကို့ကို စိတ်ပူတယ်လေ။

"ညီညီ..."

"သြော် မိဖူး... ဘာပြောမလို့လဲ..."

"ဘာရယ်မဟုတ်ပါဘူးဟာ နင်ဒီနေ့ ကျူရှင်သွားမယ်မလား..."

"မသွားတော့ဘူး မမကို ငါနေမကောင်းလို့ မလာနိုင်ဘူးလို့ ပြောပေးပါအုံး..."

"နင်နေကောင်းနေတာပဲ..."

"မဟုတ္ဘူးဟာ ငါသွားစရာရှိနေလို့... ပြောပေးပါနော်..."

"အင်းပါ... ငါပြောပေးမယ်လေ..."

"အင်းအဲ့ဒါဆို ငါသွားတော့မယ်..."

"အေးပါ... နင်အပြန်ဂရုစိုက်အုံး ဟိုကေလးမေတြက ကျောင်းမလာဘူး ဒီနေ့ နင်တစ်ယောက်ထဲဖြစ်ရဲ့လား..."

"အင်း ဖြစ်ပါတယ်..."

"အေးပါ အဲ့ဒါဆို ငါသွားတော့မယ်..."

"အေးအေး..."

ဟိုအမိတစ်သိုက် ကျောင်းမလာဘူးလေ။ ကျူရှင်တော့တက်မယ်တဲ့။ အနည်းဆုံးတော့ မိဖူးတစ်ယောက်ထဲ ဖြစ်မနေတော့ ကောင်းတာပေါ့။

ကျွန်တော်လည်း ကိုကို့ဆီသွားဖို့ ကျောင်းကနေပြန်ခဲ့လိုက်တယ်။ ခက္တာက ကိုကို့အိမ်ကိုမသိတာပဲ။

နေပါစေ ပါးစပ်ပါ ရွာရောက်တဲ့ မေးမြန်းပြီးသွားရင် သိလောက်မှာပါ။

ကျွန်တော်တို့ ဆုံနေကျ အုတ်ခုံလေးဆီရောက်မှ ဟိုဘက်ရပ်ကွက်ဘက်ကို ကူးလိုက်တယ်။ ဟိုရပ်ကွက်ရယ်လို့ သာ ပြောတယ် ကျွန်တော်တို့ ရပ်ကွက်နဲ့ လမ်းပဲခြားတာလေ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now