Part 9 (Uni)

3.7K 247 9
                                    

ကျွန်တော်ညီဆီက ဘယ်လိုအဖြေတောင်းရမယ်မသိ။

ကျွန်တော်ကိုလည်း ဘာမှမပြောတော့ ကျွန်တော်လည်း စဉ်းစားရကြပ်လာတာပေါ့။

ဒါနဲ့ ကျွန်တော် ညီ့ကို ခြိမ်းခြောက်လိုက်မှပဲ အဖြေပြန်ရလာတော့တယ်။

ဒါပေမယ့် သူအဖြေမပေးရင် ခိုးပြေးမယ် လို့ ဘာလို့ ပြောလိုက်မိမှန်း ကျွန်တော်မသိ။

ရည်းစားအထည်လဲတွဲနေတဲ့ကောင်ပြောတာဆိုတော့ ညီ ယုံနိုင်ပါ့မလား တွေးမိသေးတယ်။

ခုတော့လည်း ကျွန်တော်တို့ ချစ်သူတွေဖြစ်သွားကြပြီလေ။

ပျော်စရာအချိန်လေးတွေ ရလာပြီဆိုတော့ ကျွန်တော် အရင်လို မေပြေတာ့ မရှုပ်တော့ပါဘူး။

ညီ့ကိုပဲ ချစ်မယ်၊ ညီ့ကိုပဲ ဂရုစိုက်မယ်။

တခြားသူတွေကိုတော့ ပြောမပြရဲသေးဘူး။ ဘာလို့လဲဆိုတော့ ကောင်မလေးတွေကို အထည်လဲတွဲပြီးသွားမှ ရိုးသွားလို့ ကောင်လေးနဲ့ပြောင်းသွားတယ်လို့ ပြောကြမှာ။

ညီ့ကိုလည်း အရင်ကောင်မလေးတွေလိုပဲ ပလေးတယ်ထင်မလားပဲ။

အဲ့ဒါတွေကိုတော့ ကျွန်တော် အများကြီးရင်ဆိုင်ရအုံးမှာ။

ကျွန်တော့်အတွက်က ကိစ္စသိပ်မရှိပေမယ့် ညီ့အတွက်တော့ စိတ်ပူမိတယ်။

ကျွန်တော့်ရဲ့ ရည်းစားဦးမဟုတ်ပေမယ့် ကျွန်တော်ပထမဆုံးချစ်မိသူပါ။

ဒါပေမယ့် ကျွန်တော်ပထမဆုံးနဲ့ နောက်ဆုံးတွဲတဲ့ ကောင်လေးလို့ပြောလို့ရတယ်။

ခ်စ္တယ္ညီ...

ညီ့ကို ဆုံးရှုံးရမှာကို တကယ္မလိုလားဘူး...

ချစ်သူဖြစ်တဲ့နေ့က ရပ်ကွက်တစ်ပတ် စက်ဘီးပတ်စီးခဲ့ကြတယ်လေ။

ကျွန်တော်က ရှေ့က နင်း သူက နောက်ကလိုက်စီးတာပေါ့။

ရိုးရိုးစီးတာတောင်မဟုတ်ဘူးနော်... ကျွန်တော့်ခါးကို ဖက်ပြီး စီးတာ။

ကျွန်တော်လည်း ဘယ်ရမလဲ ခနခန ဘရိတ်တွေအုပ်တာပေါ့။ အဲ့တော့ သူ့ခေါင်းနဲ့ ကျွန်တော့်ကျောနဲ့ ခနခန ၀င်၀င်စောင့်မိတယ်လေ။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now