Part 15 (Uni)

2.7K 186 3
                                    

ဖေဖော်ဝါရီ ၁၄ရက်

သူများတွေအပြောအရ ချစ်သူများနေ့ဆိုပါတော့။ ကျွန်တော် ဒီနေ့အတွက် ပြင်ဆင်လာရတာ အချိန် တော်တော်ကြာပြီလေ။

ကျွန်တော့်ရဲ့ အဖိုးမတန်တဲ့ လက်ဆောင်လေးတစ်ခုပေါ့။ ဘာရယ်တော့မဟုတ်ပါဘူး။

ကိုကို့ကို ပေးချင်လွန်းလို့ ကျွန်တော့်ရဲ့ကြိုးစားမှုလေးတစ်ခုပေါ့။

ဘာလေးလဲဆိုတော့ ကျွန်တော့်ရဲ့လက်ဖြစ် အသည်းပုံ ၁၅၀၀နဲ့ ကြယ် ၁၅၀၀ပါဗ်ာ။

အဖိုးတော့မတန်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့အချစ်တွေနဲ့ထည့်ခေါက်ထားရတာဆိုတော့ တန်ဖိုးတော့ ရှိပါတယ်။

ခုလည်း အဲ့ဗူးလေးကို သေချာလေး ယူလာရတယ်။

မေကြီးကတော့ နင်ဘာတွေအရူးထနေတာလဲတဲ့။ ကေလးကေလး အရုပ်တွေခေါက်နေလို့တဲ့လေ။

မေကြီးတို့တုန်းကလည်း ကြုံခဲ့ဖူးမှာပဲကို။ ဟွန့်...

"ညီ... လက်ထဲက ဘာကြီးလဲ..."

"ဟီးးး ကိုကို့အတွက် လက်ဆောင်..."

"ဘာလေးလဲ..."

"သိချင်ကြည့်ကြည့်ပေါ့... ရော့..."

"လှလိုက်တာ ညီ ဘယ်က၀ယ်လာတာလဲ..."

ကိုကိုက အဲ့လိုပြောတော့ ကျွန်တော် တော်တော်ဒေါသထွက်သွားမိတယ်။ ဟုတ်တယ်လေ ဒီက ပေးချင်လွန်းလို့ ကိုယ်တိုင်၀ယ် ကိုယ်တိုင်ခေါက် ဗူးထဲကို လှလှလေးဖြစ်အောင် ကိုယ်တိုင်စီပြီး ထည့်ထားရတာကို မေးရက်တယ်။

"ကိုကိုက ညီ့ကို အထင်သေးတာပဲ..."

"ဟင်... ဘာကို..."

"အဲ့ဒါ ညီကိုယ်တိုင် ခေါက်ထားတာ..."

"ဟုတ်လား... "

"ဟုတ်တယ် ကိုကိုလူဆိုးကြီးရဲ့..."

"ဟုတ်ပါပြီကွာ ကိုကိုက မသိလို့ပါဗျာ..."

"ဟွန့်..."

"ချစ်တယ်..."

"ညီလည်း ကိုကို့ကို အရမ်းချစ်တယ်..."

"ရော့ ညီ့အတွက်..."

"ဟင် ဘာလေးလဲ..."

"ချောကလက်လေ ဒီနေ့က Valentine Dayလေ..."

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Where stories live. Discover now