Part 7 (Uni)

4.1K 273 20
                                    

ညက အိပ်မက်မကောင်းတာနဲ့ တော်တော်နဲ့ အိပ္မရခဲ့ဘူး။ မနက်ကျတော့ ၇ခွဲမှ နှိုးတယ်။ မေကြီးကတော့ အိပ်ရေးမ၀မှန်းသိလို့ထင်ပါတယ် လာမနှိုးရှာဘူး။ ကျွန်တော့်စိတ်တွေ လေးနေတာတော့အမှန်ပဲ။

တစ်ယောက်ထဲတောင် အပြင်မသွားရဲတော့တာ။ ဘယ်လိုလုပ်ရမလဲ။

မနက္စာ အိမ်မှာ မစားချင်တာနဲ့ မေကြီးကို ထမင်းချိုင့် ထည့်ခိုင်းလိုက်တယ်။ မနက်စာရော နေ့လည်စာရော ပေါ့။

အိမ္ကထြက္လာထဲက စိတ္က မကြည်ဘူး။ အုတ်ခုံလေးနားလှမ်းကြည့်မိတော့ အကိုက ကျွန်တော့်ကို စောင့်နေရှာတယ်လေ။

နည်းနည်းတော့ အားတက်သွားတယ်။ အနည်းဆုံး ကျွန်တော်တစ်ယောက်ထဲ ဖြစ်မနေတော့ဘူးမလား။

အကို့ကို ကြည့်ရတာ အစောကြီးရောက်နေပုံရတယ်။ မနက္စာကို မေကြီးက အများကြီးထည့်ပေးလိုက်တာမို့ တစ်ယောက်ထဲစားရင် ကုန်မှာမဟုတ်ဘူး။ ဒါနဲ့ပဲ အကိုနဲ့ မနက်စာစားဖို့ ပြောကြည့်တော့ အကိုက လက်ခံလိုက်တယ်လေ။

အကိုနားမှာနေရတာ ကျွန်တော့်ဘ၀လုံခြုံတယ်လို့ တွေးမိတယ်။ အကိုနားမွာပဲ အမြဲနေချင်မိတယ်။

ဒီလိုနဲ့ပဲ ကျွန်တော်တို့ နှစ်ယောက် အရင်လို အတူသြား အတူပြန်တွေ ပြန်ဖြစ်သွားခဲ့တယ်။

ပိုသြားတာ တစ္ခုကေတာ့ မနက်တိုင်း မနက်စာပိုထည့်ခဲ့ပြီး ကျောင်းရောက်မှ အတူတူ စားကြခြင်းဖြစ်တယ်။

"ညီ..."

"ဗ်ာ..."

"ဟိုလေ... အကိုမေးစရာလေးရှိလို့..."

"မေးလေ..."

"ဟို... ညီ့သူငယ်ချင်း ဖူးပွင့်မေ ဆီမွာ ခ်စ္သူရွိလား..."

"အကိုက ဘာလုပ်မလို့လဲ..."

"မေးကြည့်တာပါ..."

"သိချင်ရင် သူ့သွားမေးလေ..."

"နေပါစေ မမေးတော့ပါဘူး..."

အကိုက ဘာလုပ်ဖို့မေးလဲ သိပါတယ်။ သူကြိုက်နေတဲ့ကောင်မလေးဆိုတော့ ရည်းစားရှိမရှိ သိချင်လို့နေမှာပေါ့။

ညီက သူနဲ့ချစ်သူတွေလို့ ဘာလို့မပြောတာလဲ မသိဘူး။ သူ့ကောင်မလေးအကြောင်းမေးမိလို့ စိတ်တိုသွားတာ မ်ားလား။

မင်းနဲ့မှ ချစ်တတ်ပြီ (မင်းနဲ့မှ ချစ်တတ်ပြီ ) [Complete]Donde viven las historias. Descúbrelo ahora