09

178 29 10
                                    

ကလင်... ကလင်... ကလင်...

"ဒီနေ့ဘာဟင်းလဲ"

"ငါးဆုပ်"

"နင်ရော"

"ငါ့အမေနေမကောင်းလို့ ဒီနေ့ဝယ်စားရမှာ"

"ကိုအသေးလေးတို့ဆိုင်ကလည်း ပြန်မဖွင့်သေးဘူး။ အဲ့တော့ နင်ဘယ်ကဝယ်စားမှာလဲ"

အတန်းထဲက သူငယ်ချင်းမနှစ်ယောက် အပြန်အလှန်ပြောနေသံကိုကြားတော့ သြသြ တည်စေခေါင့်ကို လှမ်းကြည့်မိသည်။ သြသြ၏မုန့်ဘူးကို သူ့ကိုကျွေးလိုက်သည့်နေ့ကလွဲ၍ ကျန်နေ့များတွင် ပေါင်မုန့်လိုလို၊ အသုပ်စုံလိုလိုနှင့် ပြီးနေသည်ကို တွေ့တွေ့နေရသည်။ အစားအသောက်ကို ချစ်မြတ်နိုးသူမို့လားမသိ၊ သူထိုသို့ဖြစ်သလိုစားနေသည်ကို မြင်ရတော့လည်း စိတ်မကောင်းမိ။ သို့သော် သြသြစိတ်မကောင်းသည်ထက် သင်းအကျင့်မကောင်းသည်က ပိုသည်မို့ သူထိုသို့ပြီးစလွယ်စားနေသည်ကိုမြင်တိုင်း သြသြ မျက်နှာလွှဲထားမိခဲ့သည်။

အံ့သြဖွယ်ရာပင်။ ဘဝက သြသြနှစ်ခြိုက်စွာဖတ်တတ်သည့် သိုင်းဝတ္ထုများထဲက ဇာတ်ကွက်အချို့လိုပင်။ 'မည်သို့လုပ်လိုက်သည်မသိ' ဟူသောစကားလုံးအတိုင်းပင်၊ ကဗျာရွတ်သရုပ်ဖော်ပွဲ တစ်ရက်တည်းအတွင်းမှာပင် တည်စေခေါင်က ဖေဖေမေမေတို့ရှေ့မှောက်တွင် သြသြ၏ တရားဝင်သူငယ်ချင်းအရာ မြောက်ခဲ့ချေပြီ။

သြသြ လက်ထဲကထမင်းဘူးလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ အသက်ဝဝရှူလိုက်ရင်း နောက်သို့လှည့်ကြည့်လိုက်သည်။

"တည်စေခေါင် ငါမင်းအတွက်..."

သြသြခေါ်သံကိုကြားသည့်တိုင် လက်ကာပြကာ အခန်းထဲက ပြေးထွက်သွားသူကိုကြည့်ရင်း

"နေပေါ့"

ထမင်းဘူးကို စားပွဲခုံပေါ်ဆောင့်ချပစ်လိုက်သံ ကျယ်သွားသည်မို့ စူးစမ်းသလိုကြည့်လာသော မျက်လုံးတို့ကို သြသြလက်ခံရရှိလိုက်ရသည်။ သို့ပါသော်လည်း သြသြ ထိုမျက်လုံးတို့ကို အရေးမစိုက်နိုင်သေး။

"အဲ့တော့ငါက ဒီထမင်းဘူးကြီးကို ဘာလုပ်ပစ်ရတော့မှာလဲ"

.

ကိုကို့ကိုWhere stories live. Discover now