10

191 32 25
                                    

စာသင်ခန်းတစ်ခုလုံးတွင် ဆရာမ၏မြေဖြူသံတထောက်ထောက်က ပျံ့လွင့်မင်းမူလျက်ရှိသည်။ သင်္ချာဆရာမအချိန်ဖြစ်၍ စာတွင်စိတ်ဝင်စားနစ်ဝင်ဟန်များဖြင့် သင်ပုန်းပေါ်ကစာများကိုသာ အားလုံးက အသည်းအသန်ကူးယူနေကြချိန်ဖြစ်သည်။ သို့ရာတွင် နှစ်ယောက်သား တီးတိုးပြောပြီးနောက် ခွိခနဲထရယ်သော ချိုလဲ့ရည်နှင့်သူ့ဘေးကသူငယ်ချင်းမတို့နှစ်ယောက်ကို ဆရာမသတိမထားမိသော်လည်း သြသြသတိထားမိသည်။ နောက်ကတစ်ယောက်က အသံတိတ်လှမ်းစ၍ ဆရာမမသိအောင် ပါးစပ်လှုပ်ရုံ အနောက်လှည့်ဆဲသော ဘဲဥ၏အသံကို သြသြကြားသည်။ နောက်ဆုံး သြသြအာရုံအားလုံးတို့သည် သင်ပုန်းပေါ်ကစာများမှလွဲ၍ အရပ်ဆယ်မျက်နှာလုံး ပျံ့နှံ့လျက်ရှိသည်ဟုဆိုရာ၏။

ကျောင်းစည်းရိုးအပြင်တွင်  ကျောင်းလာကြိုကြသော မိဘများက တရုတ်ရုတ်...၊
သြသြခြေထောက်များက တလှုပ်လှုပ်...၊
သြသြနှလုံးခုန်သံတို့က တဒုတ်ဒုတ်...။

"စာလိုက်ရေးလေ။ ဘာငေးနေတာလဲ"

ဘေးကသူငယ်ချင်းက အသံခပ်အုပ်အုပ်နှင့်အသိပေးတော့ အပြင်ဘက်ကို ငေးနေရာက သြသြအကြည့်တို့ကို အတန်းအရှေ့ဘက်ဆီသို့ ပြန်ပို့လိုက်သည်။ သို့သော် ကျောက်သင်ပုန်းဆီကိုတော့မဟုတ်။ သင်ပုန်းအပေါ်က နာရီအဝိုင်းကြီးဆီကိုသာ...။

*ဆိုးလိုက်တာ! စောင့်ရတဲ့အလုပ်က အတော်ဆိုးတာပဲ*

အခုမှ တစ်ခါတလေ မေမေတို့မသိအောင် အစ်မကြီးတစ်ယောက်နှင့် ဖုန်းခိုးပြောသည့်အခါတိုင်း ကိုမျိုးညည်းတတ်သည့် စကား၏အဓိပ္ပါယ်ကို နားလည်တော့သည်။ ကျောင်းဆင်းဖို့ ဆယ်မိနစ်ကျော်တောင် လိုနေသေးသည်။ မဟုတ်သေးပါဘူး။ ခုနကြည့်တုန်းကလည်း လက်တံကအဲ့နားမှာပဲ။ နာရီရပ်နေတာများလား။ မျက်ခုံးနှစ်ခုကိုကျုံ့၊ မျက်လုံးနှစ်ဖက်ကိုမှေးပြီး သေချာစူးစိုက်ကြည့်လိုက်တော့ အိပဲ့အိပဲ့သွားနေသော နာရီလက်တံကိုတွေ့လိုက်ရသည်။

*ငါနော်...။ အဲ့လက်တံကိုဆွဲလှည့်ပစ်လိုက်ချင်တယ်*

လက်သည်းကိုက်လိုက် ဒူးကိုနှန့်လိုက်ဖြင့် နာရီတကြည့်ကြည့်လုပ်ရင်းက ကျောင်းခေါင်းလောင်းထိုးသံကို ကြားလိုက်ရသည့်ခဏ

ကိုကို့ကိုWhere stories live. Discover now