12

200 34 12
                                    

အဖြေလွှာအပ်ပြီးသည်နှင့် အံ့သြ စာမေးပွဲခန်းထဲက ထွက်လာခဲ့လိုက်သည်။ အခန်းရှေ့ရောက်တော့ နောက်ကျောပေးကာ ရပ်နေသူ၏ ပခုံးကို ခုန်ဖက်လိုက်၏။

"တည်စေ!"

ဖက်လဲတကင်းပြုမူမိသော ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိသည်။ သူကတော့ အနည်းငယ်ပုံပျက်သွားသော အင်္ကျီကို ပြန်တည့်ပြီး အရှေ့ကထွက်သွားတော့သည်။

"ဖြေနိုင်လား"

နောက်ကနေ အပြေးလိုက်ပြီးမေးသည်အထိ အဖြေပြန်မလာ။ ဆန်တက်လာသော လေပူတို့ကို ဟူးခနဲမှုတ်ထုတ်လိုက်ပြီး စက်ဘီးစတန်းမှ စက်ဘီးရွေးထုတ်နေသူနား အံ့သြထပ်တိုးသွားလိုက်သည်။

"ဖြေနိုင်မယ်ဆိုတာ သိပါတယ်။ မင်းမှမဖြေနိုင်ရင်လည်း ငါတို့ကျောင်းအောင်ချက်က အစိုးရရဲ့ဘဏ္ဍာငွေရှင်းတန်းလို Zero Balance ပြနေတော့မှာ ဟီး..."

"အံ့သြ"

တစ်ချိန်လုံး စကားပြောလာဖို့မျှော်လင့်မိပါလျက် တကယ်တမ်းပြောလာပြန်တော့ အံ့သြမှာ ရုတ်တရက် နာမည်ခေါ်ရုံနှင့်ပင် စကားစရှာမတွေ့သလိုဖြစ်သွားရသည်။

"မင်းငါ့ကို ဘာဖြစ်စေချင်ပြန်ပြီလဲ"

မျက်နှာကိုတည့်တည့်ကြည့်ကာ မေးလာတော့ အကြည့်မလွှဲမိစေရန် အံ့သြအတင်းကြိုးကုပ်လိုက်ရသည်။

"ဟာ... မင်းစကားကဘာကြီးလဲ။ စာမေးပွဲဖြေနိုင်လားပဲ မေးတဲ့ဥစ္စာ"

တည်စေက စိတ်ပျက်သလို မျက်နှာလွှဲလိုက်ပြီးနောက် စက်ဘီးကိုတွန်းထွက်သွားသည်မို့ အံ့သြ အမီလိုက်ကာ သူ့စက်ဘီးလက်ကိုင်ကို လက်နှစ်ဖက်နှင့် အတင်းချုပ်ကိုင်ထားမိသည်။

"ငါတို့ဒီနေ့ ကျူရှင်လစ်ရအောင်"

ပြောပြီး အပြစ်ကျူးလွန်ထားမိသူလို အံ့သြခေါင်းကိုငုံ့လိုက်မိသည်။

"ဒါလေးများ..."

အံ့သြ ခေါင်းကို ဆတ်ခနဲမော့ကြည့်လိုက်မိသည်။ အံ့သြ၏ခန္ဓာကိုယ်သည် ငယ်ငယ်ကလို ပုလုံးလုံးလေး မဟုတ်တော့သော်လည်း ရှည်ထွက်လာသောအရပ်သည် တည်စေ့နားရွက်နားလောက်တွင် ဆုံးသည်။ ထိုကြီးကောင်ဝင်မှုကြီးက အံ့သြတည်စေ့အရပ်ကို မီသည်အထိတော့ အံ့သြကိုမျက်နှာသာမပေးခဲ့။

ကိုကို့ကိုWhere stories live. Discover now