"သား အိမ့်အံဩ ဆရာမမနေ့ကပေးလိုက်တဲ့အိမ်စာစာအုပ်တွေ သားလိုက်ကောက်လိုက်၊ ပြီးရင် ဆရာမကိုဂိတ်မှာလာပို့ပေးထား"
"ဟုတ်ကဲ့"
"မနက်ဖြန်စစ်ဆေးရေးလာမှာနော်။ စာတွေအပြီးလုပ်ထားကြ ကြားလား"
"ဟုတ်ကဲ့ပါ ဆရာမ"
အတန်းချိန်ပြီးသွားသည်နှင့် မနေ့ကအိမ်စာပေးလိုက်သည့် အိမ်စာစာအုပ်များကို ဩဩဆီ လာထပ်ခိုင်းလိုက်သည်။ လူကုန်သလောက်လာထပ်ပြီးသွားပြီမို့ စာအုပ်ပြန်ရေကြည့်တော့ တစ်အုပ်လိုနေသည်။ ဘယ်သူလိုလဲ နာမည်ပြန်စစ်စရာမလို။ ဩဩသက်ပြင်းချရင်း နောက်ဆုံးတန်းတွင် ခုံကိုရှေ့နောက်လှုပ်စီးကာ ပီကေတပေါက်ပေါက်ဖောက်နေသောသူဆီ လျှောက်သွားလိုက်သည်။
သူ့ခုံဘေးရပ်သည့်အချိန်ထိ လူကိုအဖက်မလုပ်တာမို့ ဟန်ထူးလွင်သီချင်းကို စည်းချက်ကျလိုက်ကာလှုပ်ရှားနေသော စားပွဲခုံပေါ်ရှိသူ့လက်ဘေးကို နာနာပုတ်ချလိုက်သည်။
*သူ့လက်ချောင်းတွေက ဘာလို့အဲ့လောက်ရှည်သွယ်သွယ်နဲ့ ကြည့်ကောင်းနေရတာလဲ။ အို... ဘာပဲဖြစ်ဖြစ် ဩဩလက် ကစ်တိုတိုလေးတွေက ပိုချစ်ဖို့ကောင်းတယ်*
"အဟမ်း"
လည်ချောင်းမယားပါဘဲချောင်းဟန့်မှ ပီကေကို တတောက်တောက်အသံမြည်အောင်ဖောက်နေရင်းက မေးဆတ်ပြသည်။
*မျက်နှာပေးကိုက*
"သမိုင်းစာအုပ် ထပ်ရမှာလေ"
ပြောလိုက်တော့ သူ့ကျောပိုးအိတ်ထဲကစာအုပ်ကိုထုတ်ပေးသည်။
*သူက အိမ်စာစာအုပ်ကို ချက်ချင်းထုတ်ပေးတယ်ပေါ့လေ*
စိတ်ထဲထင့်သွားတာမို့ကြည့်လိုက်တော့ ကော်ဖီခွက်ပုံစာအုပ်မျက်နှာဖုံးပေါ်တွင် မင်အနက်ရောင်ဖြင့်ရေးထားသည်က "တည်စေခေါင်"။ စာအုပ်ကိုလှန်ကြည့်တော့ တွေ့ပါပြီထင်သည့်အတိုင်း၊ ငါးခေါက်ရေးခိုင်းထားသည်ကို တစ်ခေါက်စီပဲရေးထားသည်။
"မင်း အိမ်စာတွေလည်း မပြီးသေးဘူး"
ဩဩမျက်ခုံးကျုံ့ကာပြောတော့ သကောင့်သားက ပခုံးတွန့်ပြသည်။
YOU ARE READING
ကိုကို့ကို
Romance"Love Triangle" Pen Missing the Ink, Ink Kissing the Paper. Saket_ Quotesman