03

291 46 36
                                    

"ကဲ ဒါဆို ဒီနေ့ဒီလောက်ပဲ"

"ကျေးဇူးတင်ပါတယ် ဆရာ..."

အိမ်ရှေ့ဧည့်ခန်းဆီက အသံများကြားရ၍ လက်ထဲကစာအုပ်လေးကိုချကာ ဩဩကျိတ်ပြုံးလိုက်သည်။ ကိုမျိုးကတော့ ထိုအပြုံးကို လူယုတ်မာအပြုံးဟု နာမည်ပေးဖူးသည်။
ဩဩ ကိုကိုဝယ်လာသည့် မုန့်ပေါင်းထုပ်လေးကိုကိုင်ပြီး ခြေသံဖွဖွနင်းကာ ဧည့်ခန်းဆီထွက်ခဲ့လိုက်သည်။

ကိုကိုတို့ကျူရှင်ပြီးချိန်တိုင်း ကိုမျိုးက ကိုကျော်သူမောင်တို့ ကိုဇင်မျိုးတို့နှင့်အတူ ဘောလုံးသွားကန်တတ်ပြီး မငုဝါနှင့် မနွယ်နီတို့ကတော့ အိမ်ကိုတန်းပြန်ကြသည်။ ကိုကိုကတော့ ဩဩကိုစာဆက်သင်ပေးရန် ဧည့်ခန်းထဲမှာပင် အိမ်စာများကို တစ်ထိုင်တည်းလုပ်ရင်း ဩဩအလာကိုစောင့်နေတတ်သည်။

ရောက်ချိန်တန်သည်အထိ ဩဩရောက်မလာလျှင် ကိုကိုတစ်ယောက် ထိုင်နေရာမှထပြီး အိမ်အနှံ့လိုက်ရှာမည်။ ထိုအချိန်မျိုးတွင် ဩဩက ကိုကိုမမြင်အောင် ချောင်တစ်ခုတွင်ကွယ်နေပြီး အနားရောက်လာသည့်ကိုကို့ကို ဝါးခနဲအော်ကာခြောက်မည်။ ထိုအခါ ကိုကိုကလန့်၍ ကြမ်းပြင်သို့ထိုင်ကျသွားသည်ကို ဩဩအားပါးတရရယ်မည်။ ပြီးလျှင်တော့ ဩဩက လက်နှစ်ဖက်ဆန့်တန်းရင်း ဝမ်းလျားမှောက်အနေထားဖြင့်လေပေါ်ပျံဝဲကာ လေယာဉ်ပျံအဖြစ်ပျံသန်းနိုင်စေရေး ကိုကိုကဩဩကိုပွေ့ချီရင်း စာသင်မည့်နေရာသို့ခေါ်သွားမည်။

တစ်ခါတလေဆိုလျှင်တော့ ဧည့်ခန်းထဲတွင် စာတကုပ်ကုပ်လုပ်နေသော ကိုကိုရှိရာကို ခြေသံဖွဖွနင်းကာသွားမည်။ အနားရောက်လျှင် နောက်ကျောဘက်မှနေပြီး ကိုကို့မျက်လုံးတို့ကိုလက်ဖြင့်အသာမှိတ်ကာထားမည်။ ထိုအခါ ကိုကိုက ဩဩ၏လက်ကလေးများကို လက်တစ်ဖက်နှင့်အုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့်သူ့ကျောအနောက်ဘက်ကိုဝှေ့ယမ်းရင်း ဩဩကိုဖမ်းမိဖို့ကြိုးစားမည်။ ဤသည်ကို ဖမ်းမမိအောင် ဩဩကရှောင်မည်။

နောက်ဆုံးတွင်တော့ ကိုကို့လက်နှစ်ဖက်လုံးသည် ဩဩလက်နှစ်ဖက်ကိုမြဲမြဲဆုပ်ကာ ကိုကို့အားကြီးနှင့် ဩဩတစ်ကိုယ်လုံးကို အရှေ့ဘက်သို့ဆွဲယူပစ်မည်။ ထိုအချိန်တိုင်း ကိုကို့ကျောမှကျော်ကာ လူတစ်ကိုယ်လုံးဂျွမ်းပစ်ပြီး ကျရသော်လည်း နာကျင်ခြင်းစိုးစိမျှမရှိအောင် ကိုကိုက ထွေးပွေ့ပေးထားလေ့ရှိသည်။ သို့သော် ကိုကို့ပေါင်ပေါ်ကိုပုံလျက်သားရောက်မိပြီဆိုသည်နှင့် ဩဩတစ်ကိုယ်လုံးထွန့်ထွန့်လူးကာ အော်ဟစ်တောင်းပန်ရသည်ချည်း။ အကြောင်းမှာ ဩဩအင်္ကျီကိုလှန်ကာ ပေါ်လာသောဝမ်းဗိုက်သားဖြူဖြူကို ကိုကိုက တဗူးဗူးမြည်အောင် မှုတ်တတ်သောကြောင့်ဖြစ်သည်။

ကိုကို့ကိုWhere stories live. Discover now