Intro
3.9K 145 18
Uni
Hi there, I am Pick. ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ OMGပြီးတော့ စာမရေးဘဲ နားချင်နေပေမဲ့ ဒီဝတ္ထုရဲ့ ဇာတ်လိုက်ကျော်လေး သစ်တောက ကျွန်မစိတ်ထဲ ပလူပျံသလို ဟိုပျံဒီပျံလုပ်နေလို့ သူ့ကို ဆွဲထုတ်လိုက်ရတဲ့သဘောပါ။ ဒါဆို Introဖတ်လိုက်ရအောင်။
သစ်တောက တစ်နေရာကို အလုပ်သွားလုပ်ခဲ့တယ်။ သစ်တောဆိုတာ နာမည်နဲ့လိုက်အောင် အေးချမ်းတဲ့ကလေးတစ်ယောက်ပဲ။ သူ တကယ်တော့ အဲ့ဒီနေရာကို အလုပ်သွားမလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ တစ်ခုခုက သူ့ကို အမြဲညှို့ယူနေတယ်လို့ ခံစားရတယ် နောက်ပြီး အဲ့နေရာကို တွေးလိုက်ရုံနဲ့ အိပ်မက်တွေထူးဆန်းလာရော။ သူ အဲ့ကိုရောက်ပြီးနောက်မှာ စိုက်ကြည့်ခံရတဲ့ ခံစားချက်ကို ခဏခဏ ခံစားရတယ်
နောက်ပြီး...
နောက်ပြီး သူ့ကို ဘဝအဆက်ဆက် ပိုင်ပါတယ်လို့ အတင်းအကြပ်လိုက်ပြောနေတဲ့ လူကြီးရော။ ။
အင်း။ ဒါက introပါ system မဟုတ်ပါဘူး။ may be နှစ်ဘဝပုံစံမျိုးလာပါလိမ့်မယ်။ OMG arc 2လိုပုံစံမျိုးပါ။ အိုင်ကတော့ တအားကြိုက်တဲ့ ပလော့ပါ အိုင့်ရဲ့ ဘယ်နှယောက်မြောက်မှန်းမသိတဲ့ သားသားလေးသစ်တောကို တအားချစ် ဟီး
Update အကြောင်းပြောပါမယ်။ ပစ်ရယ် တကယ်တော့ လုံးဝမအားပါဘူး အဲ့ကြားထဲ ဒီပရက်ရှင်က ဝင်လာရင် ဘာမှကို လုပ်လို့ကိုင်လို့ မရတဲ့အခြေအနေကြီးပါ။ ဒါပေမဲ့ ပစ် စာရေးချင်ပါတယ် စာရေးပါမယ်။ ဒီတော့ တစ်ပတ်ကို တစ်ပိုင်းလောက်ပဲ လာမှာပါ။ ဝတ္ထုအရှည်အတို မပြောနိုင်သေးပါ (ပစ်ပချာကွန်ရေးမှတော့ အတိုပဲပေါ့ အလွန်ဆုံးရှိ ၁၅ပိုင်း🤣) စတာပါ ကြိုးစားပြီးတော့ ပေမီဒေါက်မီ ဝတ္ထုဖြစ်အောင်ရေးပေးပါ့မယ်။ Ongoing လိုက်ဖို့ အကြံမပေးပါဘူး။ တစ်ပတ်တစ်ပိုင်းက ပျင်းစရာကြီးနော့
ဒါပေမဲ့ တကယ်တော့ ongoing လိုက်သူတွေဟာ စာရေးသူနဲ့အတူတူ အမြဲတမ်းရှိနေတဲ့ အားအင်တွေပါပဲ။ တကယ်ပြောရရင် ongoingလိုက်တဲ့လူတွေကို ပြီးမှ ဖတ်တဲ့လူတွေထက် သံယောဇဉ်ရှိပါတယ်။ ဟဲဟဲ ဘာမှမဟုတ်ဘူး အွန်ဂိုးရင်းမလိုက်နဲ့ဆိုတော့ တစ်ယောက်မှ လာမဖတ်ဘဲ view 0နဲ့ ကွန်ပလိမှ ဖတ်မယ်တွေ ဖြစ်ကုန်ကြမှာစိုးလို့ဘာ😂 အဲ့တော့ တစ်ယောက်နှစ်ယောက်တော့ ongoingလိုက်ပေးပါနော် ကျန်တဲ့လူတွေကတော့ သဘောပါရှင်
အားလုံးကို ကျိုင်းဇူးပါ ❤️✨ မနက်ဖြန်လောက်က (မဟုတ်လည်းနောက်တစ်ပတ်)စပြီး တင်ပေးပါ့မယ်။ ကျန်းမာရေး ဂရုစိုက်ပါနော်
Zawgyi
နောက်ပြီး...
သစ်တော (Completed)Where stories live. Discover now