Episode 12

1K 133 12
                                    

Uni

သစ်တော သက်ပြင်းချကာ ပြတင်းပေါက်နားက ပြန်ခွာလာလိုက်သည်။ အမျိုးအမည်မသိသော ခံစားချက်တွေကို ခဏခဏ ခံစားနေရသည်မို့ သူ သိပ်ပြီး သဘောမကျချင်တော့။

နာရီကို မော့ကြည့်လိုက်သည်။ အချိန်က အခုမှ ၆နာရီခွဲပဲရှိသေးသည်။ ညစာစားဖို့က စောလွန်းသည်တော့မဟုတ်ပေမဲ့ ခုနက စားထားတဲ့ မုန့်တွေကြောင့် သစ်တော ဗိုက်မဆာသေး။ လေတိုက်တိုင်း ကန့်လန့်ကာတွေ လှုပ်ခတ်သွားတတ်သည့် ခမ်းခမ်းနားနား အခန်းကြီးထဲ သူ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ဒီအတိုင်း စားပွဲဘောင်ကို မှီရပ်ရင်း ဟိုကြည့်ဒီကြည့်နှင့်။

အတော်ကလေး ကြာပြီးသည့်နောက်မှ သစ်တော ပြန်၍ လှုပ်ရှားလာကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဒီရောက်ကတည်းက ကိုယ့်ခံစားချက်တွေနဲ့ကိုယ် လုံးလည်ချာလည်လိုက်နေတာ ဘယ်ရီနဲ့တောင် အေးအေးဆေးဆေး စကားမပြောနိုင်သေး။ ရောက်ကာစ ရက်ပိုင်းပဲရှိသေးတာမို့လို့လည်းပါသည်။ လူက အေးဆေးသည်ဆိုသော ခံစားချက်ကိုပင် နည်းနည်းလေးမှ မခံစားရသေးပါ။

"ဟျောင့် ဘယ်ရီ"

(အေး ပြော ဟျောင့် အလုပ်ပြီးပြီလား အခု)

"အင်း ပြီးလို့ ငါ ရေတောင်ချိုးပြီးပြီ မင်းရော ထမင်းစားပြီးပြီလား"

(မစားရသေးဘူး ငါ အပြင်ရောက်နေလို့ဟ မင်းရော?)

"အင်း ငါလည်း မစားရသေးဘူး"

(စားလေ မင်းကလည်း)

နှစ်ယောက်သား ခဏလောက် ငြိမ်သွားကြသည်။ သူငယ်ချင်းဖြစ်လာတဲ့ တလျှောက်မှာ ဒီလိုကြီး ခွဲရတာမျိုး သူတို့နှစ်ယောက် မကြုံစဖူးဖြစ်သည်။ နောက်ပြီး ပိုဆိုးတာက ဘယ်ရီ့မှာ တွဲသွားတွဲလာ သူငယ်ချင်းက သစ်တောတစ်ယောက်ပဲရှိသည့်အပြင် သစ်တောမှာလည်း ထိုနည်းလည်းကောင်းပင်။

ထို့ကြောင့် နှစ်ယောက်သားက ခဏခဏ မှိုင်တွေ ကြေကွဲနေရတာ ဖြစ်သည်။ သစ်တောကတော့ သူ့ကိုယ်သူ ပိုဆိုးသည်ဟု ထင်သည်။ ဘယ်တုန်းကမှ မရင်းနှီးဖူးတဲ့ ပတ်ဝန်းကျင်ကြီးမှာ သူတစ်ယောက်တည်း...

သစ်တော (Completed)Donde viven las historias. Descúbrelo ahora