Episode 18

1K 118 13
                                    

Uni

ထိုကိစ္စပြီးသည့်နောက် မြို့စား Floyd က သူဌေးကြီးEreရဲ့ စံအိမ်ကို ခဏခဏလာလေ့ရှိသည်။ ပတ်ဝန်းကျင်မှ လူသူအပေါင်းက သူဌေးကြီးရဲ့ တတိယသမီးနဲ့ မြို့စားတို့ကို မကြာခဏ တွဲမြင်လာရသည်။ သူတို့အားလုံး၏ အထင်က မြို့စားသည် Catharina Ere အား မြို့စားကတော်အဖြစ် တော်ကောက်ချင်နေပြီဟူ၍ပင်။ သို့သော် တကယ့်အမှန်တရားအစစ်က ဤသို့မဟုတ်ခဲ့။

ကိစ္စတို့က တိုက်ဆိုင်စွာ ဖြစ်ပျက်လာခဲ့သည်။ ရက်အနည်းငယ်အတွင်းမှာပဲ Ere စံအိမ်ရဲ့ သခင်မဆုံးပါးသွားသည်။ သူဌေးကြီးက သူ့ဇနီးသည် ဆုံးပါးမှုအတွက် ပူဆွေးနေစဉ်မှာပဲ သူ့သမီးကိုလက်ထပ်ဖို့အတွက် Floyd ကို မကြာမကြာ တိုက်တွန်းလာခဲ့သည်။

Floyd က လှို့ဝှက်ဆန်းကျယ် အပြုံးတစ်ပွင့်ကို ပြုံးရင်း ထိုတိုက်တွန်းချက်အား အင်းမလုပ်အဲမလုပ်ဖြင့်သာ တုံ့ပြန်ခဲ့သည်။ တစ်ည... Ere စံအိမ်ရဲ့ သားအငယ်ဆုံးလေး ပျောက်ဆုံးသွားသည်။ တောအုပ်ထဲမှာ တွေ့ရတဲ့ အင်္ကျီအဝတ်စ အပြဲတွေအရ တစ်ယောက်ယောက်က ခေါ်သွားတာမဟုတ်ရင် သတ်ပစ်တာခံခဲ့ရဟန်တူသည်။ တစ်မြို့လုံးက ကောင်လေး၏ ကံကြမ္မာကို တွေးတောရင်း သနားနေကြသည်။ မြို့စားက သူ့သားအငယ်ဆုံးကို ဘယ်လိုပဲ အထင်မကြီးဘူးဆိုဆို ရေကုန်ရေခမ်း လိုက်လံရှာဖွေသည်။

သို့သော် ကလေး၏ သတင်းကား အစအနတောင် ကြားရခြင်းမရှိတော့။ လေထဲလွင့်သွားသည့် ရွက်ဝါလေးသဖွယ်ပင်။ နှစ်တွေကြာတော့ ထိုကလေးငယ်ဟာ သေဆုံးသွားသူသဖွယ် အမေ့လျော့ခံလိုက်ရသည်။ မြို့စား Floyd လည်း တခြားစစ်ဖြစ်တော့မည့် နယ်မြေတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့သည်။

သူဌေးကြီး Jame Ere သည် သူ့သားတစ်ယောက်လုံး မြို့စားနောက် ပါသွားသည့်ကိစ္စအား မည်သည့်နည်းနဲ့မှ သိခွင့်ရမည်မဟုတ်တော့။

"ကလေးကို စောင့်ရှောက်ထား Maria ငါ နောက်သုံးနှစ်နေရင် ဒီနယ်မြေကို ပြောင်းလာခဲ့မယ်။ ဒီအတောအတွင်း သူ့ကို ဘယ်ကောင်ကမှ လက်ဖျားနဲ့မထိစေနဲ့။ မင်းကိုယ်တိုင်လည်း လက်ဖျားနဲ့ မထိရဘူး။ အရေးကြီးဆုံးတစ်ခုက သူ့ကို ပတ်ဝန်းကျင်အမြင်မှာ မိန်းကလေးတစ်ယောက်လို ပျိုးထောင်ရမယ် နားလည်လား"

သစ်တော (Completed)Où les histoires vivent. Découvrez maintenant